- Action
The Bodyguard 1 (2004)
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဟာသမင်းသားဖြစ်တဲ့ Petchtai ကို တော်တော်များများရင်းနှီးကြမယ်ထင်ပါတယ်။ အခု သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ The Bodyguard ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဘောဒီဂတ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဝူခုန်းဟာ တစ်နေ့မှာတော့သူဋ္ဌေးကြီးကို မကာကွယ်နိုင်တော့တဲ့အခြေအနေတစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။ဝူခုန်းရဲ့အမှားကြောင့် အဖေသေသွားရတာလို အထင်လွဲနေတဲ့သားဟာ ဝူခုန်းကိုအလုပ်ထုတ်လိုက်ပေမယ့် သူလည်းပဲ သူ့အဖေလိုအခြေအနေမျိုးနဲ့ထပ်ကြုံရတဲ့အခါ…ဝူခုန်းတစ်ယောက် သူဋ္ဌေးသားကို အသက်အန္တရာယ်ကနေကာကွယ်နိုင်ပါ့မလား…အက်ရှင်ကြမ်းကြမ်းလေးနဲ့ကြည့်ရမှာဖြစ်သလို ရယ်မောစရာဟာသလေးတွေနဲ့ တစ်ကားလုံးပါးစပ်မစိနိုင်အောင်ရယ်နေရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။