Cliffhanger

ဒီဇာတ်ကားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကမ္ဘာကျော် ဟောလိဝုဒ်အက်ရှင်ရုပ်ရှင် (Action Thriller) ကားကြီးတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ဂေ့ဘ် ဝေါ်ကာ (Gabe Walker) ဟာ ရော်ကီတောင်တန်း (Rocky Mountains) မှာ တာဝန်ကျနေတဲ့ ကျွမ်းကျင်တောင်တက် ကယ်ဆယ်ရေးသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ စက်ပစ္စည်းချို့ယွင်းမှုကြောင့် သူငယ်ချင်းဖြစ်သူရဲ့ ချစ်သူမိန်းကလေးကို မကယ်တင်နိုင်ဘဲ လက်လွှတ်လိုက်ရပြီး ချောက်ထဲပြုတ်ကျသေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရကာ တောင်တက်ကယ်ဆယ်ရေးအလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။တစ်နှစ်အကြာမှာတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ကောင် ဓားပြအဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ လေယာဉ်ပေါ်ကနေ ဒေါ်လာ သန်း ၁၀၀ ကို ဝေဟင်မှာတင် သွေးအေးအေးနဲ့ လုယက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ လေယာဉ်ဟာ ရော်ကီတောင်တန်းတွေကြားထဲ ပျက်ကျသွားခဲ့ကာ ပိုက်ဆံသေတ္တာ ၃ လုံးဟာလည်း နှင်းတောထဲမှာ ပြန့်ကြဲပျောက်ဆုံးသွားပါတော့တယ်။ ရာဇဝတ်ကောင်တွေဟာ တောင်ပေါ်မှာ ပိတ်မိနေတဲ့ သာမန်တောင်တက်သမားတွေအဖြစ် ဟန်ဆောင်ပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီလှမ်းတောင်းခဲ့ပါတယ်။ ဒါကြောင့် ဂေ့ဘ်ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ဟာလ် တပ်ကာ (Hal Tucker) နဲ့အတူ တောင်ပေါ်ကို သွားရောက်ကယ်ဆယ်ခဲ့ကြပါတယ်။တောင်ပေါ်ရောက်တဲ့အခါမှာတော့ ဓားပြအဖွဲ့ခေါင်းဆောင် အဲရစ် ကွာလန် (Eric Qualen) က သူတို့ကို သေနတ်နဲ့ ချိန်ပြီး ပျောက်ဆုံးနေတဲ့ ပိုက်ဆံသေတ္တာတွေကို လိုက်ရှာပေးဖို့ ဓားစာခံအဖြစ် အတင်းအကျပ် ခိုင်းစေပါတော့တယ်။ ဂေ့ဘ်ဟာ ထိုအုပ်စုဆီကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပြီးနောက်... အေးခဲနေတဲ့ ရေခဲတောင်ထိပ်တွေပေါ်မှာ ရာဇဝတ်ဂိုဏ်းသားတွေကို တစ်ယောက်တည်း ရင်ဆိုင်ပြီး သူငယ်ချင်းဖြစ်သူနဲ့ မိမိရဲ့ချစ်သူကို ကာကွယ်ဖို့၊ မိမိရဲ့ တောင်တက်ပညာစွမ်းရည်ကို အသုံးချပြီး အသက်ရှင်ကျန်ရစ်ဖို့အတွက် ရင်တမတမနဲ့ စွန့်စားတိုက်ခိုက်ရပုံကို သဲထိတ်ရင်ဖို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။

  • 1993
  • English
  • 1 hrs 53 min
  • 6.5 (IMDb)
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Sic-Fi
  • Adventure
The Marvels
1 hrs 33 min
english
movie-card
  • Sic-Fi
  • Drama
The Hunger Games: The Ballad of Songbirds & Snakes
2 hrs 27 min
english
movie-card
  • Adventure
Mr. Popper's Penguins
1 hrs 29 min
English
movie-card
  • Action
The Con Artists
1 hrs 57 min
Korea