Jawan

Jawan (2023) “စစ်သည်တော်” IMDb-7.5/10 ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။ King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ ဥပဒေ…။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့် ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။ အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်…၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ နှစ်ဦးသားအတူချစ်ခရီးလမ်းကိုလျောက်လှမ်းနေတဲ့ အရာရှိအမျိုးသမီးကလည်း အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိသွားချိန်မှာတော့။ အက်ရှင်၊အချစ်၊အလွမ်း၊မေတ္တာတရား စတဲ့ ရသစုံလင်စွာနဲ့ စောင့်မျှော်ရကျိုးနပ်တဲ့ ရုပ်ရှင်ကားကြီးကိုကြည့်ရှုအားပေးကြပါဦးလို့။ 

  • 2023
  • India
  • 2 hrs 50 min
  • 6.9 (IMDb)
အလားတူဇာတ်ကားများ
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Sic-Fi
  • Adventure
The Marvels
1 hrs 33 min
english
movie-card
  • Sic-Fi
  • Drama
The Hunger Games: The Ballad of Songbirds & Snakes
2 hrs 27 min
english
movie-card
  • Adventure
Mr. Popper's Penguins
1 hrs 29 min
English
movie-card
  • Adventure
  • Action
Cliffhanger
1 hrs 53 min
english