Mr. Popper's Penguins

ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီး အတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ ဇာတ်ညွှန်း ပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။ တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။ နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။ နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူး ဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။ အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။

  • 2011
  • English
  • 1 hrs 29 min
  • 6 (IMDb)
အလားတူဇာတ်ကားများ
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Sic-Fi
  • Adventure
The Marvels
1 hrs 33 min
english
movie-card
  • Sic-Fi
  • Drama
The Hunger Games: The Ballad of Songbirds & Snakes
2 hrs 27 min
english
movie-card
  • Adventure
  • Action
Cliffhanger
1 hrs 53 min
english