The Marvels

မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။

  • 2023
  • English
  • 1 hrs 33 min
  • 5.5 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english
movie-card
  • Sic-Fi
B4
0 hrs 48 min
english
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Fantasy
  • Sic-Fi
Rebel Moon - Part One A Child of Fire
2 hrs 03 min
english