• Sic-Fi
  • Drama
  • Adventure

The Hunger Games: The Ballad of Songbirds & Snakes

နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ “တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း” တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games 2012 မှာ ကျင်းပတဲ့ပွဲက ၇၄ ကြိမ်မြောက်ဖြစ်လို့ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒီဇာတ်လမ်းမှာတော့ ဟမ်းဂါးဂိမ်းတွေကိုလူတွေစိတ်မဝင်စားတော့လို့ ၁၀ ကြိမ်မြောက်အပြီးမှာ ပိတ်ရမလိုဖြစ်လာပါပြီ။ ဒါကိုမှ ကော်ရီရိုက လူတွေစိတ်ဝင်စားလာအောင် အလောင်းအစားတွေ၊ စပွန်ဆာတွေ ထည့်ဖို့ကြိုးစားပြီး သူ့အတွက်လည်းတက်လမ်းရဖို့ ကြိုးစားပုံတွေနဲ့အတူ တိုင်း ၁၂ တိုင်းက အခွန်ဘဏ္ဍာအဖြစ် အကောက်ခံရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အသက်လုပွဲ ကြည့်ရမှာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းတာမို့ ဟန်းဂါးဂိမ်းဖန်တွေအတွက်တော့ နောက်ထပ်ကြည့်စရာ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ 

  • 2023
  • English
  • 2 hrs 27 min
  • 6.6 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
english
movie-card
  • Drama
သရဲမလင်
1 hrs 36 min
1
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
1
movie-card
  • Drama
Blood Diamond
2 hrs 16 min
English
movie-card
  • Drama
Herb
1 hrs 45 min
english
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english