London Has Fallen

ဗြိတိန်ဝန်ကြီးချုပ် James Wilson ဟာ မသင်္ကာဖွယ်ရာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီးနောက်၊ လန်ဒန်မြို့မှာ ကျင်းပမယ့် သူရဲ့ ဈာပနအခမ်းအနားကို ကမ္ဘာ့အနောက်နိုင်ငံတွေက ထိပ်သီး ခေါင်းဆောင်ကြီးတွေ တက်ရောက်ဖို့ ရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လုံခြုံရေး အတင်းကြပ်ဆုံးလို့ ယူဆရတဲ့ ဒီပွဲဟာ ပါကစ္စတန် လက်နက်မှောင်ခိုသမားနဲ့ အကြမ်းဖက်ခေါင်းဆောင် အာမီးရ် ဘာကာဝီ (Aamir Barkawi) ရဲ့ သွေးအေးအေးနဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ အကြီးစား အကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ခု ဖြစ်သွားပါတော့တယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တော်ဝင်သက်တော်စောင့်တွေလို ဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေဟာ ကမ္ဘာ့သြဇာကြီး ခေါင်းဆောင် ၅ ဦးအထိ လုပ်ကြံသတ်ဖြတ်လိုက်ကြသလို၊ လန်ဒန်မြို့ရဲ့ အထင်ကရ နေရာတွေကိုလည်း ဗုံးခွဲဖျက်ဆီးပစ်လိုက်တဲ့အတွက် မြို့တော်ကြီးတစ်ခုလုံး အမှောင်ထုထဲ ရောက်ပြီး လျှပ်စစ်နဲ့ ဆက်သွယ်ရေးတွေပါ ပြတ်တောက်ကာ ပရမ်းပတာ ဖြစ်သွားပါတယ်။ရန်သူတွေရဲ့ အဓိက ပစ်မှတ်ကတော့ အမေရိကန်သမ္မတ ဘင်ဂျမင် အာရှာ (Aaron Eckhart) ကို ဖမ်းဆီးပြီး ကမ္ဘာကို အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်ကာ ကွပ်မျက်ပြဖို့ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သမ္မတရဲ့ သက်တော်စောင့် အေးဂျင့်ဖြစ်သူ မိုက် ဘန်းနင်း (Gerard Butler) ဟာ သမ္မတကို ဘေးကင်းအောင် ကာကွယ်ဖို့နဲ့ အကြမ်းဖက်သမားတွေရဲ့ လက်ကနေ လွတ်မြောက်ဖို့အတွက် ဗြိတိသျှ ထောက်လှမ်းရေး (MI6) အေးဂျင့်တစ်ဦးရဲ့ လျှို့ဝှက်အကူအညီနဲ့အတူ စစ်မြေပြင်ဖြစ်သွားတဲ့ လန်ဒန်မြေပြင်ပေါ်မှာ တစ်ယောက်တည်း ရန်သူအမြောက်အမြားကို အသက်နဲ့ရင်းပြီး သဲထိတ်ရင်ဖို ရင်ဆိုင်ချေမှုန်းရပုံကို ရိုက်ကူးထားတဲ့ အက်ရှင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

  • 2016
  • English
  • 1 hrs 39 min
  • 5.9 (IMDb)
အလားတူဇာတ်ကားများ
movie-card
  • Action
The Con Artists
1 hrs 57 min
Korea
movie-card
  • Adventure
  • Action
Cliffhanger
1 hrs 53 min
english
movie-card
  • Action
Olympus Has Fallen
1 hrs 59 min
english
movie-card
  • Crime
  • Action
The Equalizer 2
2 hrs 01 min
english
movie-card
  • Action
Three Kingdoms: Resurrection of the Dragon
1 hrs 42 min
Chinese
movie-card
  • Action
Iron Monkey 2
1 hrs 32 min
Chinese