- Action
The Con Artists
ဂျီဟော့ခ် (Kim Woo-bin) ဟာ ကမ္ဘာကျော် ရှေးဟောင်းပစ္စည်းတွေနဲ့ ရတနာတွေကို အကွက်ကျကျ ခိုးယူလေ့ရှိတဲ့ အဆင့်မြင့် စိန်ခွဲသမား/ကုဒ်ဖျက်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အတုအပပြုလုပ်ရာမှာ ကျွမ်းကျင်တဲ့ ကူအင်း (Go Chang-seok) နဲ့အတူ ပူးပေါင်းပြီး ရတနာဆိုင်ကြီးတစ်ခုက စိန်တွေကို ခိုးယူဖို့ ကြံစည်ရာကနေ ထိပ်တန်းကွန်ပျူတာဟက်ကာ ဂျောင်ဘေး (Lee Hyun-woo) နဲ့ မိတ်ဆက်မိပြီး သုံးယောက်သား မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ခိုးယူဖို့ ကြံစည်ခဲ့တဲ့ ရတနာဆိုင်ပိုင်ရှင်ဟာ ရက်စက်ပြီး ဩဇာကြီးမားလှတဲ့ လူဆိုးဂိုဏ်းချုပ်ကြီး ဥက္ကဋ္ဌဂျို (Kim Yeong-cheol) ဖြစ်နေတဲ့အခါမှာတော့ သူတို့သုံးဦးလုံး အဖမ်းခံလိုက်ရပါတော့တယ်။ ဥက္ကဋ္ဌဂျိုဟာ သူတို့ကိုသတ်မယ့်အစား အင်ချွန်းအကောက်ခွန်ဌာနရဲ့ အဆင့်မြင့်လုံခြုံရေးတပ်ဆင်ထားတဲ့ မြေအောက်ဘဏ်တိုက်ထဲကနေ ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိတဲ့ လျှို့ဝှက်ရန်ပုံငွေတွေကို မိနစ် ၄၀ အတွင်း အောင်မြင်အောင် ခိုးယူပေးဖို့ ခြိမ်းခြောက်ခိုင်းစေခဲ့ပါတယ်။ ပရိယာယ်နဲ့ လှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ အချင်းချင်း ဉာဏ်ကစားကြမယ့် ကိုရီးယား Heist (ဓားပြတိုက်) အက်ရှင်ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။