The Equalizer 2

ရောဘတ် မကောလ် (Robert McCall) ဟာ လက်ရှိမှာတော့ ဘော်စတွန်မြို့မှာ Lyft တက္ကစီမောင်းသူတစ်ဦးအဖြစ် အခြေချနေထိုင်ပြီး မတရားအနိုင်ကျင့်ခံရတဲ့ သာမန်အရပ်သားတွေကို နောက်ကွယ်ကနေ တိတ်တဆိတ် ဆက်လက်ကူညီပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူရဲ့ အရင်းနှီးဆုံး မိတ်ဆွေဟောင်းလည်းဖြစ်၊ အေဂျင်စီ (DIA) က လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ်တဲ့ ဆူဆန် ပလမ်မာ (Susan Plummer) ဟာ ဘရပ်ဆဲလ်မြို့က ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို သွားရောက်စုံစမ်းရင်း ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ မိမိအပေါ် အမြဲနားလည်ပေးခဲ့တဲ့ ဆူဆန် သေဆုံးသွားမှုကြောင့် ကြေကွဲသွားရတဲ့ မကောလ်ဟာ ဒီတစ်ကြိမ်မှာတော့ ကိုယ်ရေးကိုယ်တာ ကိစ္စအဖြစ် သတ်မှတ်ပြီး ကလဲ့စားချေဖို့ ပြင်ဆင်ပါတော့တယ်။မကောလ်ဟာ သူရဲ့ စစ်ဆင်ရေးဖော်ဟောင်း ဒေ့ဗ် ယော့ခ် (Dave York) နဲ့ ပြန်လည်ပူးပေါင်းပြီး တရားခံကို စုံစမ်းတဲ့အခါ... ဆူဆန်ကို သတ်သွားတဲ့သူတွေဟာ သာမန်လူသတ်သမားတွေမဟုတ်ဘဲ သူနဲ့အဆင့်တူ စစ်ဗျူဟာမြောက် လေ့ကျင့်ထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဝင်ဟောင်းတွေ ဖြစ်နေတာကို သိရှိသွားပါတယ်။ အတိတ်က ရဲဘော်ရဲဘက်ဟောင်းတွေရဲ့ သစ္စာဖောက်မှု၊ အကွက်ကျကျ ထောင်ချောက်ဆင်မှုတွေကို ရင်ဆိုင်ရင်း ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်နေတဲ့ မြို့ငယ်လေးတစ်ခုထဲမှာ သွေးအေးလှတဲ့ ထိပ်တန်းလူသတ်သမားတစ်စုကို တစ်ယောက်တည်း အမဲလိုက်ရင်ဆိုင်ချေမှုန်းရပုံကို ပထမကားထက် ပိုမိုကြမ်းတမ်းပြီး စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ကောင်း ဖြစ်ပါတယ်။

  • 2018
  • English
  • 2 hrs 01 min
  • 6.7 (IMDb)
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Crime
Gone in Sixty Seconds
1 hrs 51 min
english
movie-card
  • Crime
Betrothed
1 hrs 26 min
english
movie-card
  • Crime
The Kill Room
1 hrs 28 min
english
movie-card
  • Drama
  • Crime
Hopeless
2 hrs 00 min
english
movie-card
  • Drama
  • Crime
In the Land of Saints and Sinners
1 hrs 35 min
english
movie-card
  • Drama
  • Crime
Killers of the Flower Moon
3 hrs 18 min
english