- Action
Werewolves
ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ မျိုးရိုးဗီဇထဲတွင် ကိန်းအောင်းနေသော ဝံပုလွေဗီဇ (Latent gene) များကို နိုးကြားစေသည့် ထူးဆန်းသော စူပါမွန်း (Supermoon) ဖြစ်စဉ်ကြီးတစ်ခု လွန်ခဲ့သော တစ်နှစ်က စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါညက လရောင်အောက်သို့ ရောက်ရှိသွားသူတိုင်း သွေးဆာနေသော လူဝံပုလွေ (Werewolves) များအဖြစ် ပြောင်းလဲသွားပြီး တစ်ကမ္ဘာလုံး ပရမ်းပတာဖြစ်ကာ လူဦးရေ သန်းတစ်ထောင်နီးပါး သေဆုံးခဲ့ရသည်။ ယခုအခါတွင်မူ ထိုစူပါမွန်းဖြစ်စဉ်ကြီးသည် တစ်ကျော့ပြန် ရောက်ရှိလာတော့မည်ဖြစ်သည်။မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင်ဖြစ်သူ ဝက်စလီ မာရှယ် (Frank Grillo) သည် သူ့ညီမဖြစ်သူ လူစီနှင့် တူမလေး အမ်မာတို့ ဘေးကင်းစေရန်အတွက် ၎င်းတို့၏ ဆင်ခြေဖုံးနေအိမ်ကို လက်နက်များ၊ ထောင်ချောက်များဖြင့် ကျကျနန အခိုင်အမာ ပြင်ဆင်ပေးခဲ့သည်။ တစ်ဖက်တွင်လည်း ဝက်စလီသည် အခြားသိပ္ပံပညာရှင်အဖွဲ့နှင့်အတူ လူဝံပုလွေအဖြစ် မပြောင်းလဲအောင် တားဆီးပေးမည့် "Moonscreen" ဆေးရည်ကို အချိန်မီ စမ်းသပ်ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် ဆေးရည်၏အာနိသင်မှာ တစ်နာရီသာခံပြီး စမ်းသပ်ခန်းအတွင်းရှိ အရာရှိများနှင့် လူနာများပါ ဝံပုလွေအဖြစ် ပြောင်းလဲကာ ရက်စက်စွာ သတ်ဖြတ်မှုများ စတင်ပါတော့သည်။ ကမ္ဘာပျက်ကပ်ကဲ့သို့ ကမောက်ကမဖြစ်နေသော ညဉ့်နက်ပိုင်း လရောင်အောက်တွင် သွေးဆာနေသည့် လူဝံပုလွေအုပ်ကြီး၏ ရန်မှ ဝက်စလီတစ်ယောက် သူ့မိသားစုရှိရာအိမ်သို့ အရောက်သွားပြီး ဘယ်လိုမျိုး အသက်လု ကာကွယ်ရမလဲဆိုတာကို အက်ရှင်အသားပေး ရိုက်ကူးထားသည့် သွေးထွက်သံယို သဘာဝလွန်ထိတ်လန့်စရာ (Action Horror) ရုပ်ရှင်ကား ဖြစ်သည်။