Oz the Great and Powerful (2013)

အော်စကာ ဒစ်ဂ်စ် (James Franco) ဟာ ကန်ဆပ်စ် (Kansas) မြို့လေးက ကျေးလက်ဆပ်ကပ်အဖွဲ့တစ်ခုမှာ လုပ်ကိုင်နေပြီး ကိုယ်ကျင့်တရား သိပ်မကောင်းလှတဲ့ မျက်လှည့်ဆရာတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူစီးလာတဲ့ မိုးပျံပူဖောင်းကြီးဟာ လေဆင်နှာမောင်းမိပြီး ဆန်းပြားလှပတဲ့ "အော့ဇ်" (Land of Oz) ဆိုတဲ့ မှော်ကမ္ဘာကြီးထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အော်စကာကတော့ စည်းစိမ်တွေ၊ ရွှေငွေတွေအများကြီး ရတော့မယ်ဆိုပြီး ပျော်နေခဲ့ပေမဲ့ သီအိုဒိုရာ (Mila Kunis)၊ အီဗန်နိုရာ (Rachel Weisz) နဲ့ ဂလင်ဒါ (Michelle Williams) ဆိုတဲ့ စုန်းမကြီး သုံးယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့... သူတို့အားလုံး မျှော်လင့်စောင့်စားနေတဲ့ နာမည်ကျော် မှော်ဆရာကြီးက သူဟုတ်မဟုတ် သံသယဝင်ခံရပါတော့တယ်။ အော့ဇ်ကမ္ဘာကြီးကို ဒုက္ခပေးနေတဲ့ စုန်းမဆိုးကြီးကို နှိမ်နင်းဖို့နဲ့ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာကို ခွဲခြားဖို့အတွက် အော်စကာဟာ သူ့ရဲ့ မျက်လှည့်အတတ်၊ လှည့်စားမှုပညာရပ်တွေနဲ့ ဉာဏ်ဆင်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရင်း... တကယ့် ထူးချွန်ထက်မြက်တဲ့ မှော်ဆရာကြီးတစ်ဦးအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

  • 2013
  • English
  • 2 hrs 10 min
  • 6.3 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Sic-Fi
  • Adventure
The Marvels
1 hrs 33 min
english
movie-card
  • Sic-Fi
  • Drama
The Hunger Games: The Ballad of Songbirds & Snakes
2 hrs 27 min
english
movie-card
  • Drama
  • Adventure
Jungle
1 hrs 49 min
English
movie-card
  • Adventure
Mr. Popper's Penguins
1 hrs 29 min
English