- Adventure •
- Action
Monkey King The One and Only (2021)
မြတ်စွာဘုရား၏ ပိဋကတ်ကျမ်းစာများကို ပင့်ဆောင်ရန် အနောက်ဘက်သို့ ခရီးနှင်ကြစဉ်အတွင်း မျောက်မင်း ဆွန်ဝူကုန်း (Sun Wukong) ၏ မိစ္ဆာများကို နှိမ်နင်းသတ်ဖြတ်မှုအပေါ် ဆရာဖြစ်သူ ဆန်းထန် (Tang Sanzang) က အပြစ်မဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်သည်ဟု အထင်လွဲကာ အမြဲပြစ်တင်ဝေဖန်ခဲ့သဖြင့် ဆရာနှင့်တပည့်ကြား သဘောထားချင်း သွေးကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်နေ့တွင် ၎င်းတို့ဆရာတပည့်အဖွဲ့သည် ရွာတစ်ရွာသို့ လမ်းမှားရောက်ရှိသွားခဲ့ပြီး ချစ်စရာကောင်းသော မြေခွေးမလေး ရှောင်ချီ (Xiaoqi) နှင့် တွေ့ဆုံခဲ့ကြသည်။ သို့သော် ရှောင်ချီ၏ အစ်ကိုဖြစ်သူ မိစ္ဆာသည် ညီမဖြစ်သူ၏ အသက်ကို ဉာဏ်ဆင်ရှည်စေရန်အတွက် ဆန်းထန်နှင့် တပည့်များကို ဖမ်းဆီးရန် လျှို့ဝှက်ကြံစည်နေသူ ဖြစ်သည်။ ဝူကုန်းအနေဖြင့် မိမိအပေါ် ဆရာဖြစ်သူ၏ အထင်လွဲမှားမှုများကို မည်သို့ဖြေရှင်းပြီး ကောက်ကျစ်လှသော မိစ္ဆာအန္တရာယ်များကြားမှ ဆရာဖြစ်သူကို မည်သို့ကာကွယ်စောင့်ရှောက်သွားမည်နည်းဆိုသည်ကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပုံဖော်ထားသည့် ဒဏ္ဍာရီလာ စွန့်စားခန်း ရုပ်ရှင်ကား ဖြစ်သည်။