- Sic-Fi •
- Horror
Good Neighbours
လုခ် (Luke) နှင့် တာမီးရှာ (Tamesha) ဆိုသည့် လင်မယားနှစ်ဦးသည် ၎င်းတို့၏ အိမ်နီးနားချင်းအသစ်ဖြစ်လာသော ထူးဆန်းပြီး စိတ်စရိုက်မမှန်သလိုဖြစ်နေသည့် လူစိမ်းဇနီးမောင်နှံကို မိတ်ဆက်သည့်အနေဖြင့် ၎င်းတို့အိမ်တွင် ညစာစားပွဲ (Welcome Dinner Party) ဖိတ်ကြားကျင်းပခဲ့သည်။ သို့သော် ညစာစားပွဲ စတင်ပြီးနောက် အခြေအနေများမှာ မထင်မှတ်ဘဲ ပြောင်းလဲသွားပြီး ထိုအိမ်နီးနားချင်းသစ်များ၏ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်များနှင့်အတူ ထိုညသည် သွေးထွက်သံယို အသက်လုရုန်းကန်ရသည့် သည်းထိတ်ရင်ဖို ထောင်ချောက်တစ်ခု ဖြစ်လာပါတော့သည်။ မကောင်းဆိုးဝါးဆန်ဆန် အမှောင်ဖုံးနေသော ပတ်ဝန်းကျင်နှင့် အိမ်တွင်း၌ အသက်ရှင်ကျန်ရစ်ရန် အစွမ်းကုန် ကြိုးပမ်းကြရပုံကို ရိုက်ကူးထားသည့် စိတ်ပညာဆန်ဆန် သရဲသည်းထိတ်ရင်ဖို (Horror-Thriller) ရုပ်ရှင်ကား ဖြစ်သည်။