Uranus 2324

စကြဝဠာကြီးရဲ့ ရူပဗေဒနိယာမတွေကို ချိုးဖျက်နိုင်တဲ့တစ်ခုတည်းသောအရာက အချစ်ဆိုတဲ့အရာပဲ… အလင်းနှစ်တွေဘယ်လောက်ပဲ ဝေးကွာနေပါစေ နှလုံးသားချင်းနီးစပ်စေတဲ့အရာက အချစ်ပါပဲ” (လင်း) “တို့ကိုမမြင်ဘဲ ထားရစ်ခဲ့မယ်ဆိုရင်တောင် တို့ကယူရေးနပ်စ်ဂြိုဟ်လိုပဲ ဒီနေရာမှာပဲမင်းကို အမြဲစောင့်နေမှာပါ” (ကတ်) GAP နဲ့ Loyal Pin ဇာတ်ကားထဲက အချစ်ကလေးနှစ်ယောက်ဖြစ်တဲ့ Becky Rebecca Patricia Armstrong နဲ့ … Freen Sarocha Chankimha တို့ရဲ့ GL Movie လေး ထွက်ရှိလို့ လာခဲ့ပါပြီ။ ယူရေးနပ်စ်ဆိုတဲ့ဂြိုဟ်ဟာ ကမ္ဘာနဲ့ ကီလိုမီတာပေါင်း ၂၇၂၃၉၅၀၀၀၀ ကွာဝေးပေမယ့် တောင်ဝင်ရိုးစွန်းကို ရှာမတွေ့ခင်အချိန်တည်းက… လူသားတွေဟာ ယူရေးနပ်စ်ကို အရင်ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီလိုပဲ ဘယ်လောက်ပဲ ဝေးကွာနေတဲ့ အချစ်ဖြစ်နေပါစေ… တကယ်ချစ်ကြတဲ့သူတွေ မှန်ကန်ရင်တော့ နီးစပ်နိုင်ဖို့အတွက်လမ်းကို ရှာကြမှာ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့အပြင်ဘက် အာကာသထဲကအရာတွေ… ဟိုးအဝေးကြီးမှာရှိတဲ့ ယူရေးနပ်စ်ဂြိုဟ်အထိကို စူးစမ်းလေ့လာချင်တဲ့ လင်း နဲ့ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေအောက်ကမ္ဘာကို ချစ်မြတ်နိုးပြီးတော့… ရေငုပ်သမားဖြစ်ချင်တဲ့ ကတ်တို့နှစ်ယောက်၊ အချစ်ကြီးချစ်ကြပေမယ့် ဝေးကွာသွားကြရတဲ့ သူတို့နှစ်ယောက်… ချစ်နိုင်ဖို့အတွက် နည်းလမ်းရှာရင်း အပြိုင်ကမ္ဘာတွေဆီအထိ သွားကာ နီးစပ်ဖို့နည်းလမ်းကို ရှာဖွေကြတဲ့အခါ… ကတ်နဲ့လင်းတို့ရဲ့ ချစ်ပေမယ့် ဝေးနေကြတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်သွားမလဲ … သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် လမ်းကို ရှာဖွေတွေ့ရှိသွားမှာလား ဆိုတာကြည့်ရှုရမယ့်… အချစ်ဒရာမာ Sci-Fi ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦးနော်…

  • 2024
  • English
  • 2 hrs 06 min
  • 7.7 (IMDb)
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
english
movie-card
  • Drama
သရဲမလင်
1 hrs 36 min
1
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
1
movie-card
  • Drama
Blood Diamond
2 hrs 16 min
English
movie-card
  • Drama
Herb
1 hrs 45 min
english
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english