Us or Them (2023)

ဂျုဒ် (Jack Donnelly) ဆိုသည့် လူငယ်တစ်ယောက်သည် မိုဘိုင်းဂိမ်းအက်ပ်တစ်ခုတွင် ကာရစ်ဘီယံကျွန်းသို့ ဇိမ်ခံအပန်းဖြေခရီး သွားရောက်ခွင့် ကံထူးခဲ့သဖြင့် သူ၏ငယ်သူငယ်ချင်း အန်ဒီ (Wayne Gordon) အပါအဝင် မိသားစုဝင်များကိုပါ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် ၎င်းတို့သူငယ်ချင်းနှစ်ဦးသည် "The Officiator" (Malin Akerman) ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ဒေါ်လာ သန်း ၂၀ ဆုကြေးရမည့် ရိုးရှင်းသော ကစားပွဲတစ်ခု ကစားရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။ ဂျုဒ်က ငွေကြေးရလိုသဖြင့် အန်ဒီ့ကိုပါ စည်းရုံးပြီး ကစားရန် သဘောတူခဲ့သော်လည်း အမှန်တကယ်တွင် ထိုကစားပွဲမှာ ရှုံးနိမ့်ပါက အသက်ပေးရမည့် "Us or Them" ဟူသော ရက်စက်ကြမ်းကြုတ်သည့် အသက်လုကစားပွဲကြီး ဖြစ်နေသည်။ ကစားပွဲအတွင်း ၎င်းတို့နှစ်ဦး ဆုံးဖြတ်ချက်များ သဘောတူညီမှုမရရှိပါက ၎င်းတို့နှစ်ဦးသာမက အတူပါလာသည့် မိသားစုဝင်များပါ ရက်ရက်စက်စက် အသတ်ခံရမည့် အန္တရာယ်ဆိုးကြီးကို သည်းထိတ်ရင်ဖို ရိုက်ကူးထားသည့် ရုပ်ရှင်ကား ဖြစ်သည်။ (အထူးသတိပေးချက်။ ။ ဤဇာတ်ကားတွင် သွေးထွက်သံယို ရက်စက်သည့် အကြမ်းဖက်သတ်ဖြတ်မှုများ ပါဝင်သည့်အပြင် ဇာတ်လမ်းသဘာဝအရ ၁၈+ လိင်ပိုင်းဆိုင်ရာ ပြသထားမှုအချို့၊ အဝတ်ဗလာကျင်းပြကွက်များ (Nudity & Sexual Content) နှင့် ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် ကေးသူငယ်များနှင့် မိသားစုဝင်များ အတူတကွ ကြည့်ရှုရန် လုံးဝမသင့်တော်ပါဘဲ လူကြီးများနှင့် စိတ်ဓာတ်ခိုင်မာသူများသာ သီးသန့်ကြည့်ရှုရန် အလေးအနက် သတိပေးအပ်ပါသည်)

  • 2026
  • English
  • 1 hrs 25 min
  • 4.3 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Horror
The Hills Have Eyes
1 hrs 44 min
english
movie-card
  • Horror
The Hills Have Eyes 2
1 hrs 26 min
english
movie-card
  • Horror
The Hills Have Eyes Part 2
1 hrs 26 min
english
movie-card
  • Horror
Ouija Origin of Evil
1 hrs 32 min
english
movie-card
  • Horror
The Dead Center
1 hrs 27 min
english
movie-card
  • Horror
Carnage for Christmas
1 hrs 09 min
english
movie-card
  • Action
The Con Artists
1 hrs 57 min
Korea