- Horror
The Hills Have Eyes Part 2
ကာတာမိသားစုရဲ့ သဲကန္တာရအတွင်းက အဖြစ်အပျက်တွေဟာ ရှစ်နှစ်ကြာမြင့်ခဲ့ပါပြီ။ ဒီအဖြစ်အပျက်ရဲ့ အသက်ရှင်ကျန်သူတွေထဲက ဘော်ဘီနဲ့ ရူဘီတို့ဟာ အခုမှာတော့ ဆိုင်ကယ်ပြိုင်ပွဲဝင်အဖွဲ့တစ်ခုကို တည်ထောင်ထားကြပြီဖြစ်ပါတယ်။ ဘော်ဘီရဲ့ ဓာတ်ဆီအသစ်ကို စမ်းသပ်ဖို့အတွက် သဲကန္တာရထဲက ပြိုင်ပွဲတွေကို ရူဘီဟာ စိတ်ထိန်းချုပ်မရဖြစ်နေတဲ့ ဘော်ဘီ့ကိုယ်စား အဖွဲ့ဝင် လူငယ်လေးတွေဖြစ်တဲ့ ရွိုင်း၊ ဖော်စတာ၊ ဆူး၊ ဟယ်ရီ၊ ဂျိန်းနဲ့ မျက်မမြင်မလေး ကက်စ်တို့နဲ့အတူ ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ အမှားအယွင်းတွေကြောင့် နောက်ကျနေကြတဲ့ သူတို့တွေဟာ သဲကန္တာရထဲက ဖြတ်လမ်းတစ်ခုကို သုံးကြရင်း ကားပျက် သောင်တင်နေခဲ့ပြန်တဲ့အခါမှာတော့ ရန်သူတော်ဟောင်းတွေဖြစ်တဲ့ လူသားစား အရိုင်းအစိုင်းမိသားစုနဲ့ ထပ်မံရင်ဆိုင်ကြရပြန်ပါတော့တယ်။ လူသားစားမိသားစုကို ဒီတစ်ခါမှာ ဦးဆောင်နေတာက ဘယ်သူလဲ။ ရူဘီတို့တွေလည်း ထပ်ပြီး လွတ်မြောက်နိုင်ကြပါဦးမလား။ အဆုံးမှာ ဘယ်သူတွေက အသက်ရှင်ကျန်နိုင်ကြပါ့မလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။