- Horror
The Hills Have Eyes 2
အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့ အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။ အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များ ပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။)