- Horror
The Eyes (2026)
မျိုးရိုးလိုက်ရောဂါကြောင့် တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးလာကြတဲ့ အမြွှာညီအစ်မ ဘတ်ဆောဂျင်နဲ့ ဘတ်ဆောအင် (Shin Min-A)... မျက်မမြင်ဖြစ်တဲ့ ကိုယ့်ကြောင့် အစ်မဖြစ်သူ ဆောဂျင် ဒုက္ခများရမှာစိုးနေတဲ့ ဆောအင်ရဲ့ အကြံပြုချက်ကြောင့် ညီအစ်မနှစ်ဦးက အိမ်ခွဲနေထိုင်ခဲ့တာလည်း နှစ်ချို့သွားခဲ့ပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ညီမဖြစ်သူနဲ့ အဆက်အသွယ် လုံးဝ မရတာကြောင့် ခံစားချက်မကောင်းတဲ့ ဆောဂျင်က ညီမဖြစ်သူ ဆောအင်ရဲ့အိမ်ရှိရာ ဝန်းဂျင်းဆီ ဆင်းလာပါတော့တယ်။ ဒါပေမဲ့လည်း အိမ်ကို ရောက်ရှိသွားချိန်မှာ ညီမဖြစ်သူကို အလောင်းအဖြစ်နဲ့သာ တွေ့ရှိလိုက်ရတဲ့အခါမှာတော့... မြင်ကွင်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့ကြားထဲကနေ ဆောဂျင်တစ်ယောက် ညီမဖြစ်သူ သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။.