- Horror •
- Thriller
The Devils Bride (2025)
အက်ချာ (Erika Carlina) နှင့် အာရီယဲလ် တို့၏ အိမ်ထောင်ရေးသည် အေးစက်စက်ဖြစ်ပြီး ပြိုကွဲရန် အခြေအနေသို့ ရောက်ရှိနေစဉ်တွင် အက်ချာသည် အိပ်မက်ထဲတွင် အလွန်ချောမောသော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံပြီး စိတ်သက်သာရာ ရရှိခဲ့သည်။ သို့သော် ထိုအိပ်မက်ထဲမှ ချောမောသူမှာ အမှန်တကယ်တွင် အိမ်ထောင်ရေးများကို ဖျက်ဆီးတတ်သည့် ဂျင် ဒါဆင်းမ် (Jin Dasim) ဟုခေါ်သော မိစ္ဆာဂျင်ဆိုး၏ စိတ္တဇကိုယ်ပွား ဖြစ်နေခဲ့သည်။ မိစ္ဆာဆိုးသည် အက်ချာအား သူ၏ မိစ္ဆာသတို့သမီးအဖြစ် သိမ်းပိုက်ရန် လက်တွေ့ဘဝနှင့် အိပ်မက်ကမ္ဘာနှစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ထိတ်လန့်မှုများ၊ ပဟေဠိ အတုအယောင် ကိုယ်ဝန်ဆောင်မှုများနှင့် ဒုက္ခပေးလာသောအခါ... လင်မယားနှစ်ဦးသည် အိမ်ထောင်ရေးကို ပြန်လည်ကုစားရင်း မိစ္ဆာဆိုး၏ အမှောင်ထောင်ချောက်မှ လွတ်မြောက်အောင် အသက်လု ရုန်းကန်ရပုံကို ရိုက်ကူးထားသည့် အင်ဒိုနီးရှား သဘာဝလွန် သရဲရုပ်ရှင် ဖြစ်သည်။