- Horror
Human Animals
လင်မယားနှစ်ဦးနှင့် ၎င်းတို့၏ သမီးလေးသည် အိမ်နီးနားချင်းဖြစ်သူ အမျိုးသား၏ ကြောက်စရာကောင်းပြီး ရန်လိုတတ်သော ခွေးကြီးတစ်ကောင်ကြောင့် အမြဲထိတ်လန့်စိုးရိမ်နေရသည်။ တစ်ရက်တွင် ထိုခွေးက သမီးလေးကို ကိုက်ခဲလိုက်သည့်အတွက် ဖခင်ဖြစ်သူက ဒေါသတကြီးဖြင့် ခွေးကို သတ်ပစ်လိုက်ရာမှ... ခွေးပိုင်ရှင် အိမ်နီးနားချင်းလင်မယားသည် စိတ်မမှန်တော့ဘဲ ၎င်းတို့အိမ်ထဲအထိ လက်နက်များနှင့် ဝင်ရောက်ကာ ရက်ရက်စက်စက် ကလဲ့စားချေ တိုက်ခိုက်ပုံကို ရိုက်ကူးထားသည့် မက္ကဆီကို သွေးထွက်သံယို သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။