- Horror
Wolf Hollow
ရုပ်ရှင်လောကထဲတွင် နေရာတစ်နေရာရရန် ကြိုးစားနေသည့် လူငယ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့သည် ၎င်းတို့၏ ဗီဒီယိုအသစ်ကို ရိုက်ကူးရန်အတွက် "Wolf Hollow" ဟုခေါ်သည့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသ မြို့လေးတစ်မြို့သို့ ခရီးထွက်ခဲ့ကြသည်။ သို့သော် ၎င်းတို့ ရောက်ရှိသွားသည့်နေရာသည် သာမန်ကျေးရွာတစ်ခုမဟုတ်ဘဲ လူသားအသွင်ဆောင်ကာ လျှို့ဝှက်အခြေချနေထိုင်ကြသည့် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေလူသား (Werewolves) မျိုးနွယ်စုတစ်စု၏ နယ်မြေဖြစ်နေမှန်း မမျှော်လင့်ဘဲ သိရှိသွားခဲ့ကြသည်။ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများသည် ဝံပုလွေလူသားများ၏ ရက်ရက်စက်စက် လိုက်လံအမဲလိုက်ခြင်းကို ခံရသောအခါတွင်... ထိုသေမင်းတမန်နယ်မြေထဲမှ အသက်ရှင်လွတ်မြောက်အောင် မည်သို့ သက်စွန့်ဆံဖျား ရုန်းကန်လှုပ်ရှားကြရမည်နည်းဆိုသည်ကို ရိုက်ကူးထားသည့် သွေးထွက်သံယို အက်ရှင်ထိတ်လန့်ခြောက်လှန့်ဖွယ် ရုပ်ရှင်ကား ဖြစ်သည်။