P2

ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အန်ဂျလာ (Rachel Nichols) ဟာ ခရစ္စမတ်အကြိုည (Christmas Eve) မှာ ကုမ္ပဏီရုံးခန်းထဲ၌ အလုပ်တွေနောက်ကျသည်အထိ လုပ်ကိုင်နေခဲ့ပါတယ်။ အလုပ်တွေပြီးလို့ မိသားစုပါတီကို သွားဖို့အတွက် ရုံးချုပ်အဆောက်အအုံရဲ့ မြေအောက်ဒုတိယထပ် ကားပါကင် (P2) ကို ဆင်းလာခဲ့တဲ့အခါမှာတော့... သူမရဲ့ကားက စက်နှိုးမရဘဲ ဖြစ်နေတာကို ကြုံတွေ့ရပါတော့တယ်။ ထိုအချိန်မှာပဲ ကားပါကင်ရဲ့ လုံခြုံရေးဝန်ထမ်း သောမတ်စ် (Wes Bentley) က ကူညီဖို့ ရောက်ရှိလာပြီး ခရစ္စမတ်ညစာ အတူစားဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ အန်ဂျလာက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပါတယ်။ထို့နောက် အန်ဂျလာဟာ အဆောက်အအုံထဲကနေ ပြန်ဖို့ ကြိုးစားရင်း ထူးဆန်းစွာ ပိတ်မိသွားပြီး သတိလစ်အောင် တိုက်ခိုက်ခြင်း ခံလိုက်ရပါတယ်။ သူမ သတိရလာတဲ့အချိန်မှာတော့... သောမတ်စ်ရဲ့ ရုံးခန်းထဲမှာ အဝတ်အစားလဲလှယ်ခြင်း ခံထားရပြီး ကုလားထိုင်တစ်ခုမှာ ခြေကျင်းခတ် ပိတ်လှောင်ခံထားရတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတော့တယ်။ သောမတ်စ်ဟာ သူမအပေါ် ကင်မရာတွေကတစ်ဆင့် အစွဲအလမ်းကြီးစွာ ချောင်းမြောင်းစောင့်ကြည့်နေခဲ့တဲ့ စိတ္တဇပိုးဝင်နေသူတစ်ဦး ဖြစ်နေပြီး၊ လူသူပြတ်လပ်နေတဲ့ မြေအောက်ကားပါကင် ကျဉ်းကျဉ်းလေးထဲမှာ အန်ဂျလာတစ်ယောက် စိတ္တဇပြန်ပေးသမားနဲ့ သူ့ရဲ့ ရက်စက်လှတဲ့ ဝံပုလွေခွေးကြီးရန်မှ လွတ်မြောက်ဖို့ ဘယ်လိုမျိုး အသက်လု ဉာဏ်ဆင်ရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးထားတဲ့ စိတ်ပညာဆိုင်ရာ ထိတ်လန့်သည်းထိတ်ရင်ဖို (Psychological Horror/Thriller) ဇာတ်ကား ဖြစ်ပါတယ်။

  • 2007
  • English
  • 1 hrs 38 min
  • 5.9 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Horror
The Hills Have Eyes
1 hrs 44 min
english
movie-card
  • Horror
The Hills Have Eyes 2
1 hrs 26 min
english
movie-card
  • Horror
The Hills Have Eyes Part 2
1 hrs 26 min
english
movie-card
  • Horror
Ouija Origin of Evil
1 hrs 32 min
english
movie-card
  • Horror
The Dead Center
1 hrs 27 min
english
movie-card
  • Horror
Carnage for Christmas
1 hrs 09 min
english
movie-card
  • Horror
Salem Witch Doll
1 hrs 17 min
english