- Horror
Ouija
လန်း (Olivia Cooke) ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဒက်ဘီ (Shelley Hennig) ဟာ သူမရဲ့အိမ်မှာ ထူးဆန်းစွာနဲ့ ဆွဲကြိုးချ သေဆုံးသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ရုတ်တရက် သေဆုံးသွားရတဲ့ အကြောင်းရင်းကို ရှာဖွေချင်နေတဲ့ လန်းဟာ ဒက်ဘီ နောက်ဆုံးဆော့ကစားခဲ့တဲ့ ရှေးဟောင်း ဝီဂျာ (Ouija) သရဲခေါ်ပျဉ်ပြားကို တွေ့ရှိသွားပြီး ဒက်ဘီရဲ့ဝိညာဉ်ကို နှုတ်ဆက်စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ လန်းဟာ သူမရဲ့ ညီမဖြစ်သူ၊ သူငယ်ချင်းတစ်စုနဲ့အတူ ဒက်ဘီရဲ့ အိမ်မှာပဲ ဝီဂျာဘုတ်ကို သုံးပြီး ဝိညာဉ်ခေါ်ယူခဲ့ရာကနေ ဒက်ဘီ မဟုတ်ဘဲ အဆိုပါအိမ်ကြီးထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေပြီး အတိတ်က ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ မိစ္ဆာဝိညာဉ်ဆိုးတစ်ခုကို မတော်တဆ နှိုးမိလိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်စုဟာ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းဆန်းပြားပြားနဲ့ အသက်လုခံရတဲ့ ဘေးကနေ လွတ်မြောက်ဖို့၊ ဝီဂျာဘုတ်ရဲ့ ကျိန်စာဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးထားတဲ့ သဘာဝလွန် ထိတ်လန့်ခြောက်လှန့်ဖွယ် ရုပ်ရှင်ကား ဖြစ်ပါတယ်။