- Horror
Last Shift (2014)
ဂျက်ဆီကာ လိုရန် (Juliana Harkavy) ဟာ အလုပ်စဝင်တဲ့ ရဲမေအသစ်လေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ပထမဆုံးတာဝန်အဖြစ် ပိတ်သိမ်းတော့မယ့် ရဲစခန်းအဟောင်းတစ်ခုမှာ နောက်ဆုံးညတာဝန် (Last Shift) စောင့်ရဖို့ ဖြစ်လာပါတယ်။ သူမရဲ့ အဓိကတာဝန်ကတော့ ရဲစခန်းထဲက အန္တရာယ်ရှိတဲ့ သက်သေခံပစ္စည်းတွေကို လာရောက်သိမ်းဆည်းမယ့်အဖွဲ့ကို စောင့်ဆိုင်းပေးရမှာ ဖြစ်ပြီး၊ စခန်းထဲကနေ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မထွက်သွားဖို့ အထက်လူကြီးက မှာကြားထားပါတယ်။ဒါပေမဲ့ ညနက်လာတာနဲ့အမျှ အဆိုပါ ရဲစခန်းဟောင်းကြီးထဲမှာ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ သဘာဝလွန် ဖြစ်ရပ်ဆိုးတွေနဲ့ ကြောက်မက်ဖွယ်ရာ ခြောက်လှန့်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ရပါတော့တယ်။ နောက်ပိုင်းမှာတော့ ဒီရဲစခန်းဟာ လွန်ခဲ့တဲ့ တစ်နှစ်က အစွန်းရောက်ဂိုဏ်း (Cult) ခေါင်းဆောင် ဂျွန် မိုက်ကယ် ပေးမွန် (John Michael Paymon) နဲ့ သူ့ရဲ့နောက်လိုက်တွေ ဖမ်းဆီးခံရပြီးနောက် အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြတဲ့ နေရာဖြစ်နေတာကို သိရှိသွားပါတယ်။ အဆိုပါ မိစ္ဆာဂိုဏ်းသားတွေဟာ ဂျက်ဆီကာ့ရဲ့ ကွယ်လွန်သူဖခင် (ရဲအရာရှိဟောင်း) ဖမ်းဆီးခဲ့တဲ့သူတွေလည်း ဖြစ်တာကြောင့် သူတို့ရဲ့ ဝိညာဉ်ဆိုးတွေဟာ ကလဲ့စားချေဖို့ ကြိုးစားလာကြပါတယ်။ ဂျက်ဆီကာတစ်ယောက် အစစ်အမှန်နဲ့ စိတ်အာရုံချောက်ခြားမှုကြား ဝေခွဲမရဘဲ သွေးပျက်ဖွယ်ရာ ညဉ့်နက်သန်းခေါင်ယံကို ရဲစခန်းထဲမှာ ဘယ်လိုမျိုး အသက်ရှင်ကျန်ရစ်အောင် ရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမယ့် ထိပ်တန်း သရဲထိတ်လန့်လွန် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။