The Red Line

"Hunger" ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sitisiri Mongkolsiri ရဲ့ လက်ရာဖြစ်ပြီး နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ Mew Nittha, Esther Supreeleela နဲ့ Ning Chutima တို့က ခေါင်းဆောင်ပါဝင်ထားလို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝအာမခံပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင် အခုခေတ်မှာ လူတိုင်းကြုံတွေ့နေရတဲ့ Call-Center လိမ်လည်မှုတွေရဲ့ နောက်ကွယ်က အမှောင်လောကကို ဒီကားထဲမှာ ပီပီပြင်ပြင်မြင်တွေ့နိုင်မှာပါ အမျိုးသမီးသုံးယောက်... သူတို့က ရက်စက်လွန်းတဲ့ ဖုန်းလိမ်လည်မှု ကွန်ရက်တစ်ခုရဲ့သားကောင်ဖြစ်သွားခဲ့ပြီး သူတို့ရဲ့ပိုက်ဆံတွေသာမက ဂုဏ်သိက္ခာတွေပါ ဆုံးရှုံးလိုက်ရပါတယ် ဒီကိစ္စအတွက် ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းပေမယ့် ဘာမှထူးခြားမလာတဲ့အခါမှာ သူတို့သုံးယောက်ပူးပေါင်းပြီး ငွေတွေလိမ်သွားတဲ့ အဲဒီရာဇဝတ်ဂိုဏ်းကြီးကို ကိုယ်တိုင်ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်လိုက်တဲ့ချိန်…. ကျွမ်းကျင်တဲ့ Hacker တစ်ယောက်ရဲ့အကူအညီနဲ့ ဂိုဏ်းခေါင်းဆောင်ကို ခြေရာခံရင်း သူတို့ရဲ့ဘဝတွေကို ပြန်လည်ရယူဖို့ ကြိုးစားကြတဲ့အခါ... ဘယ်လို အသက်လုရတဲ့အန္တရာယ်တွေ မထင်မှတ်ထားတဲ့အချိုးအကွေ့တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာပါ   ဒီကားက လက်ရှိခေတ်မှာ တကယ်ဖြစ်ပျက်နေတဲ့ Call-center လိမ်လည်မှုတွေကို အခြေခံထားလို့ ကြည့်ရှုသူတိုင်းနဲ့ Relatable ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ Drama, Thriller နဲ့ Crime အငွေ့အသက်တွေကိုပါ အပြည့်အဝရမှာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့လျှို့ဝှက်ချက်တွေ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အခါ ဆုံးဖြတ်နိုင်တဲ့ဆုံးဖြတ်ချက်တွေကိုပါ သေချာပုံဖော်ရိုက်ကူးပေးထားတာမို့ လက်မလွှတ်တမ်းကြည့်ရှူ့ဖို့ တင်ဆက်ပေးလိုက်ပါတယ်

  • 2026
  • Thailand
  • 2 hrs 16 min
  • 6.1 (IMDb)
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Crime
  • Thriller
Anand Sreebala (2024)
2 hrs 12 min
Malayalam
movie-card
  • Drama
  • Thriller
The Sabarmati Report (2024)
2 hrs 05 min
Hindi
movie-card
  • Drama
  • Crime
Once Upon a Time in Madras (2024)
2 hrs 05 min
Tamil
movie-card
  • Drama
  • Crime
Pani (2024)
2 hrs 20 min
Malayalam
movie-card
  • Drama
  • Thriller
What Lucia Saw (2022)
1 hrs 47 min
Spanish
movie-card
  • Crime
  • Action
Unnaipol Oruvan (2009)
1 hrs 49 min
Tamil
movie-card
  • Horror
  • Thriller
Book of Shadows Blair Witch 2
1 hrs 30 min
English