- Crime •
- Action •
- Thriller
Unnaipol Oruvan (2009)
အမည်မသိ အကြမ်းဖက်သမားတစ်ဦး (Kamal Haasan) သည် ချန်နိုင်းမြို့အနှံ့တွင် ဗုံးများထောင်ထားကြောင်း ရဲဌာနသို့ ဖုန်းဆက်အကြောင်းကြားပြီး ထောင်ကျနေသော တရားခံ အကြမ်းဖက်သမား ၄ ဦးအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ရဲမင်းကြီး ရာဂါဗန် (Mohanlal) သည် ထိုအမည်မသိ ဖုန်းခေါ်ဆိုသူအား လိုက်လံစုံစမ်းဖမ်းဆီးရန်နှင့် မြို့သူမြို့သားများ ဘေးကင်းစေရန် ကြိုးပမ်းရပုံကို စက္ကန့်မလပ် သည်းထိတ်ရင်ဖို ရိုက်ကူးထားခြင်း ဖြစ်သည်။ အိန္ဒိယရုပ်ရှင်လောက၏ နာမည်ကြီး ရုပ်ရှင် "A Wednesday!" ကို မူရင်းအတိုင်း တမီးလ်ဘာသာဖြင့် ပြန်လည်ရိုက်ကူးထားသည့် စိတ္တဇသည်းထိတ်ရင်ဖို (Investigation Thriller) ရုပ်ရှင်ကောင်း ဖြစ်သည်။