Aquaman and the Lost Kingdom

 အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။

  • 2023
  • English
  • 1 hrs 55 min
  • 5.6 (IMDb)
ဒါရိုက်တာများ
1 Reviews for Aquaman and the Lost Kingdom
  • user
    KAUMG MYAT

    6th August 2026

အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Fantasy
  • Live Action
Freelance
1 hrs 43 min
english
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Comedy
  • Fantasy
The Bricklayer
1 hrs 40 min
english
movie-card
  • Fantasy
  • Drama
Our Season
1 hrs 40 min
Korea