- Comedy •
- Sic-Fi •
- Adventure
Mr. Peabody & Sherman (2014)
မစ္စတာ ပီဘိုဒီ (Mr. Peabody) ဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အမြင့်ဆုံး သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ အိုလံပစ်ဆုတံဆိပ်ရှင်နဲ့ ထမင်းချက်ကောင်းတစ်ဦးဖြစ်ပြီး... ထူးထူးခြားခြား စကားပြောနိုင်တဲ့ ခွေးတစ်ကောင်လည်း ဖြစ်ပါတယ်။ သူဟာ "ရှာမန် (Sherman)" လို့ခေါ်တဲ့ လူသားကောင်လေးတစ်ဦးကို သားအဖြစ် မွေးစားခဲ့ပြီး သမိုင်းကြောင်းတွေကို လက်တွေ့သင်ကြားပေးဖို့အတွက် "WABAC" လို့ခေါ်တဲ့ အဆင့်မြင့် အချိန်ခရီးသွားစက် (Time Machine) ကြီးကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှာမန်ဟာ ကျောင်းကသူငယ်ချင်းမလေး ပန်နီ (Penny) ကို အထင်ကြီးစေဖို့အတွက် အချိန်ခရီးသွားခြင်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး စက်ကို ခိုးမောင်းရာကနေ သမိုင်းကြောင်းတွေကို ကမောက်ကမဖြစ်အောင် လုပ်မိသွားသလို စကြာဝဠာရဲ့ အချိန်ကာလတည်ဆောက်ပုံကိုပါ ပျက်စီးစေမယ့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် မစ္စတာ ပီဘိုဒီဟာ အတိတ်က နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီ၊ ကီလိုပတ်ထရာ၊ ထရွိုင်မြို့က စစ်သူရဲကောင်းတွေနဲ့အတူ ပူးပေါင်းပြီး ကမ္ဘာကြီးမပျက်စီးခင် အချိန်ကာလကို အချိန်မီ ပြန်လည်ပြင်ဆင်ဖို့နဲ့ သားဖြစ်သူကို ကာကွယ်ဖို့အတွက် ရယ်မောကြည်နူးဖွယ် ဉာဏ်စမ်းစွန့်စားရမယ့် 3D Animation ကားကောင်းတစ်ကား ဖြစ်ပါတယ်။