- Fantasy •
- Adventure •
- Action
Golden Spider City
ဆန်းကြယ်သည့် ဂူဗိမာန်တူးဖော်သူ (Tomb Raider) တစ်ဦးဖြစ်သည့် စီမာချုံ (Steven Liu) သည် သူအသက်ထက်မြတ်နိုးရသည့် ချစ်သူ၏အသက်ကို ကယ်တင်နိုင်မည့် အဆိပ်ဖြေဆေးကို အသည်းအသန် လိုချင်နေသူဖြစ်ပါတယ်။ သို့သော် ဩဇာအာဏာကြီးမားပြီး ကောက်ကျစ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး မာစတာရှန်း (Ning Xiaohua) က ထိုအဆိပ်ဖြေဆေးကို ပေးရန်အတွက် အလဲအလှယ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါကမ်းလှမ်းချက်မှာ ပဟေဠိဆန်စွာ ပျောက်ဆုံးနေပြီး စီမာချုံ၏ ဖခင်ဖြစ်သူ စီမာဟွေး (Chen Mengqi) သာလျှင် လျှို့ဝှက်ချက်ကို သိရှိထားသည့်၊ သားရဲတောင်တန်းကြီးများ၏ အောက်ခြေ မီတာ ၁၀,၀၀၀ အနက်တွင် တည်ရှိသော ဒဏ္ဍာရီလာ "ရွှေပင့်ကူမြို့တော်" (Golden Spider City) ကို သွားရောက်ရှာဖွေပြီး ဂူဗိမာန်ဖောက်ထွင်းပေးရန်ပဲ ဖြစ်သည်။ စီမာချုံသည် ချစ်ရသူ၏အသက်အတွက် မတတ်သာဘဲ သဘောတူခဲ့ပြီး အန္တရာယ်ကြီးမားလှသည့် အောက်ခြေမြေအောက်ကမ္ဘာဆီသို့ စွန့်စားခရီးနှင်ခဲ့ရသည်။ သို့သော် ထိုဒဏ္ဍာရီလာမြို့တော်ကြီးထဲတွင် ၎င်းတို့အဖွဲ့ကို စောင့်ကြိုနေသည်မှာ သာမန်အတားအဆီးများမဟုတ်ဘဲ ကြီးမားဆန်းပြားလှသည့် သားရဲမိစ္ဆာကြီးများ၊ သေမင်းတမန်ထောင်ချောက်များနှင့် မမျှော်လင့်ထားသည့် သစ္စာဖောက်မှုများပဲ ဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့အနေဖြင့် ဒီမြေအောက်စွန့်စားခန်းကြီးထဲကနေ မည်သို့ရုန်းကန် အသက်လုလွတ်မြောက်အောင် ကြိုးစားကြမည်နည်းဆိုသည်ကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားသည့် တရုတ်အွန်လိုင်း အက်ရှင်စွန့်စားခန်း (Fantasy Action-Adventure) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သည်။