- Fantasy •
- Adventure •
- Action
Harry Potter and the Order of the Phoenix (2007)
Harry Potter Franchise ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး Harry တစ်ယောက် ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းတဲ့အရွယ် ခံစားချက်တွေ၊ ပုန်ကန်မှုတွေနဲ့အတူ မှော်လောကရဲ့ နိုင်ငံရေးပဋိပက္ခတွေကို စတင်ပုံဖော်ထားတဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David Yates က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး သူဟာ ကျန်ရှိတဲ့ Harry Potter ကားတွေအားလုံးကို အဆုံးထိ တာဝန်ယူရိုက်ကူးသွားခဲ့သူလည်း ဖြစ်ပါတယ်။