- Fantasy •
- Adventure
Harry Potter and the Goblet of Fire (2005)
Hogwarts ကျောင်းတော်မှာ နှစ်ပေါင်းများစွာ ရပ်နားထားခဲ့တဲ့ မော်ဒန်းကျောင်းသုံးကျောင်းရဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့ Triwizard Tournament (မော်ဒန်းသုံးပွင့်ဆိုင်ပြိုင်ပွဲ) ကို ပြန်လည်ကျင်းပခဲ့ပါတယ်။ စည်းကမ်းအရ အသက် ၁၇ နှစ်ပြည့်ပြီးသူတွေသာ နာမည်စာရင်းသွင်းခွင့်ရှိပြီး မော်ဒန်းမီးဖလား (Goblet of Fire) က ကျောင်းတစ်ကျောင်းစီရဲ့ ချန်ပီယံတစ်ဦးစီကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ်စွာနဲ့ပဲ အသက်မပြည့်သေးတဲ့ Harry Potter ရဲ့ နာမည်ဟာလည်း စတုတ္ထမြောက် ချန်ပီယံအဖြစ် မီးဖလားထဲကနေ ထွက်လာခဲ့ပါတယ်။ Harry ဟာ ငြင်းဆန်ခွင့်မရှိဘဲ အသက်အန္တရာယ်ကြီးမားတဲ့ စိန်ခေါ်မှုသုံးခု (နဂါးနှင့်တိုက်ခိုက်ခြင်း၊ ရေအောက်လှိုဏ်ဂူပြိုင်ပွဲနှင့် ဝင်္ကပါထဲက ရုန်းထွက်ခြင်း) ကို ယှဉ်ပြိုင်ရပါတော့တယ်။ နောက်ဆုံးစိန်ခေါ်မှုရဲ့ အဆုံးသတ်မှာတော့ ဒါဟာ Harry ကို လုပ်ကြံဖို့ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုဖြစ်နေပြီး Lord Voldemort ပြန်လည်နိုးထလာဖို့ အသုံးချခံလိုက်ရတဲ့အခါ...။