- Fantasy •
- Adventure •
- 3D Animation •
- Action
The Lord of the Rings The War of the Rohirr
နာမည်ကျော် "The Lord of the Rings" ရုပ်ရှင်ဇာတ်လမ်းတွဲများ မတိုင်မီ ၁၈၃ နှစ်အလိုက အဖြစ်အပျက်များကို နောက်ခံထားပြီး ရိုက်ကူးထားသည့် ဂျပန်အန်နီမေးရှင်း (Anime) စတိုင် စိတ်ကူးယဉ် အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ရိုဟန် (Rohan) တိုင်းပြည်ရဲ့ ဒဏ္ဍာရီလာ ဘုရင်ကြီး ဟမ်းမ် ဟမ္မာဟန်း (Helm Hammerhand) နဲ့ သူ့ရဲ့ မိသားစုက ရန်သူ ဒန်လန်ဒင်း (Dunlendings) တွေရဲ့ ရက်စက်တဲ့ ခေါင်းဆောင် ဝုလ်ဖ် (Wulf) ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ဘယ်လို အသေခံ ခုခံကာကွယ်ခဲ့ရသလဲဆိုတာကို ပြသထားပါတယ်။ ဘုရင်ကြီးရဲ့ သမီးတော် ဟီရာ (Héra) က ရန်သူတွေကို ရင်ဆိုင်ရာမှာ အဓိကနေရာကနေ ဦးဆောင်တိုက်ပွဲဝင်ခဲ့ပုံနဲ့ နောင်တစ်ချိန်မှာ ထင်ရှားလာမယ့် ဟမ်းမ်စ်ဒိပ့် (Helm's Deep) ခံတပ်ကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။