• Fantasy
  • Sic-Fi
  • Adventure

City of Ember

ကမ္ဘာကြီးပျက်ကပ်ဘေးနဲ့ ကြုံတွေ့ရချိန်မှာ လူသားမျိုးနွယ်တွေ ရှင်သန်ကျန်ရစ်ဖို့အတွက် နှစ်ပေါင်း ၂၀၀ ကြာ ခိုလှုံနေထိုင်နိုင်မယ့် "အမ်ဘာ" (Ember) လို့ခေါ်တဲ့ မြေအောက်မြို့တော်ကြီးတစ်ခုကို ပညာရှင်တွေက လျှို့ဝှက်တည်ဆောက်ခဲ့ကြပါတယ်။ မြေအောက်မြို့တော်ကနေ ပြန်လည်ထွက်ခွာမယ့် လမ်းညွှန်ချက်တွေကို သေတ္တာအသေးလေးတစ်ခုထဲမှာ ထည့်သွင်းပြီး မြို့တော်ဝန်အဆက်ဆက်ဆီ လျှို့ဝှက်လွှဲပြောင်းပေးခဲ့ပေမဲ့ မျိုးဆက်တွေကြာလာတဲ့အခါ အဲဒီသေတ္တာလေးဟာ ပျောက်ဆုံးသွားခဲ့ပြီး လူတွေလည်း မြေအောက်ကလွဲလို့ တခြားပြင်ပကမ္ဘာရှိသေးတယ်ဆိုတာကို မေ့လျော့ကုန်ကြပါတယ်။ နှစ်ပေါင်း ၂၀၀ ပြည့်သွားတဲ့အခါမှာတော့ မြေအောက်မြို့တော်ကြီးကို လျှပ်စစ်မီးပေးနေတဲ့ ပင်မမီးစက်ကြီးဟာ တဖြည်းဖြည်း ချို့ယွင်းလာပြီး မြို့တော်ကြီးတစ်ခုလုံး အမှောင်ထုထဲ ရောက်ရှိပျက်စီးတော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့ရပါတော့တယ်။ဒီလိုအချိန်မှာ လီနာ (Saoirse Ronan) နဲ့ ဒွန်း (Harry Treadaway) ဆိုတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ မထင်မှတ်ဘဲ ပျောက်ဆုံးနေတဲ့ လမ်းညွှန်ချက်သေတ္တာဟောင်းလေးကို ရှာဖွေတွေ့ရှိသွားပြီး မြေအောက်မြို့တော်ကနေ အပြင်ကမ္ဘာကို ထွက်ခွာနိုင်မယ့် လျှို့ဝှက်ချက်တွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်ကာ လူသားအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားသည့် စိတ်ကူးယဉ် သိပ္ပံစွန့်စားခန်း (Sci-Fi Adventure) ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

  • 2008
  • English
  • 1 hrs 35 min
  • 6.5 (IMDb)
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english
movie-card
  • Sic-Fi
B4
0 hrs 48 min
english
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Adventure
Jawan
2 hrs 50 min
India
movie-card
  • Fantasy
  • Live Action
Freelance
1 hrs 43 min
english
movie-card
  • Drama
  • Adventure
Badland Hunters
1 hrs 46 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english