- Comedy •
- Drama •
- Horror
My Daughter is a Zombie (2025)
တစ်ကမ္ဘာလုံးတွင် GAR ဗိုင်းရပ်စ်ဟုခေါ်သော ဇွန်ဘီဗိုင်းရပ်စ်ဆိုးကြီး ကူးစက်ပျံ့နှံ့သွားချိန်၌ ဆူးလ်တိရစ္ဆာန်ရုံမှ တိရစ္ဆာန်လေ့ကျင့်ပေးသူ ဖခင်ဖြစ်သူ လီဂျောင်ဟွာန် (Jo Jung-suk) ၏ ၁၅ နှစ်အရွယ် သမီးလေး ဆူအာ (Choi Yu-ri) သည် ဇွန်ဘီကိုက်ခံရပြီး ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဖခင်ဖြစ်သူသည် သမီးဖြစ်သူအား အစိုးရနှင့် ပတ်ဝန်းကျင်၏ သတ်ဖြတ်မှုမှ ကာကွယ်ရန် ကျေးလက်ရှိ အဖွားဖြစ်သူ၏ အိမ်သို့ လျှို့ဝှက်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်း၏ တိရစ္ဆာန်လေ့ကျင့်ရေး နည်းလမ်းများနှင့် အတိတ်က ချစ်ခြင်းမေတ္တာ အမှတ်တရများကို အသုံးပြု၍ သမီးဖြစ်သူ၏ လူသားစိတ်ဓာတ်ကို ပြန်လည်ရရှိအောင် ရယ်မောဖွယ်၊ ကြေကွဲဖွယ်၊ ကြိုးစားလေ့ကျင့်ပေးပုံကို ပုံဖော်ထားသည့် ဇွန်ဘီဟာသဒရမ်မာ ရုပ်ရှင်ကားကြီး ဖြစ်သည်။