- Drama •
- Action •
- Thriller
Pottel
၁၉၇၀/၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အိန္ဒိယနိုင်ငံ တီလန်ဂါနာ (Telangana) ပြည်နယ်ရှိ ဂူရမ်ဂါတွူး (Gurramgattu) အမည်ရ ဝေးလံခေါင်သီသော ရွာလေးတစ်ရွာ၏ လူမှုအဆင့်အတန်း ခွဲခြားမှုကို နောက်ခံပြုထားသည့် ကျေးလက်အခြေပြု ဒရမ်မာသဲထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ရွာ၏ ဇာတ်နိမ့်သိုးကျောင်းသားတစ်ဦးဖြစ်သူ ပတ်ဒါ ဂန်ဂါဒါ (Yuva Chandraa) နှင့် သူ၏ဇနီး ဘူဂျမ္မာ (Ananya Nagalla) တို့တွင် တစ်ခုတည်းသော ကြီးမားသည့် မျှော်လင့်ချက်ရှိပြီး၊ ယင်းမှာ သူတို့လို စာမတတ်ပေမတတ် ဘဝမျိုး မရောက်စေရန် ၎င်းတို့၏ သမီးငယ်လေး စာရတ်စ်ဝတီ (Thanasvi Chowdary) ကို ကျောင်းထားကာ ပညာတတ်ကြီး ဖြစ်စေချင်သည့် ဆန္ဒပင် ဖြစ်သည်။ သို့သော် ရွာသူရွာသားများ ပညာတတ်လာပါက မိမိ၏ အာဏာစက်ကို စိန်ခေါ်လာမည်ကို စိုးရိမ်ပြီး လူပြိန်းယုံကြည်မှု၊ နတ်ဒေဝါး အယူသည်းမှုများဖြင့် ရွာကို သံမဏိလက်သီးဖြင့် ဖိနှိပ်ချုပ်ကိုင်ထားသည့် ရက်စက်သော ရွာလူကြီး ပါတဲလ် (Ajay) က ဂန်ဂါဒါတို့၏ ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ပိတ်ပင်တားဆီးပါတယ်။ တစ်ဖက်တွင်လည်း ဂန်ဂါဒါသည် ရွာ၏ ၁၂ နှစ်မှ တစ်ကြိမ်သာ ကျင်းပမြဲဖြစ်သော ရိုးရာနတ်ပူဇော်ပွဲအတွက် အလွန်အရေးကြီးပြီး နတ်ဘုရားမ၏ လက်ဆောင်ဟု သတ်မှတ်ထားသည့် သိုးထီးကြီး "ပေါ်တဲလ် (Pottel)" ကို အလေးအမြတ် ထိန်းကျောင်းစောင့်ရှောက်ရသူ ဖြစ်လာသည်။ သို့သော် မထင်မှတ်ဘဲ ထိုဗလိနတ်စာ သိုးထီးကြီး ပျောက်ဆုံးသွားသည့်အခါ ရွာလူကြီး ပါတဲလ်က သိုးကို ပြန်မရှာပေးနိုင်ပါက ဂန်ဂါဒါ၏ သမီးဖြစ်သူကို နတ်ပူဇော်ပွဲတွင် ဗလိနတ်စာအဖြစ် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်လာပါတော့သည်။ ရွာသားအားလုံး၏ ဝိုင်းဝန်းအော်ဂိုဏ်းဆန်ဆန် ဖိနှိပ်မှုများကြောင့် သမီးဖြစ်သူနှင့်အတူ ရွာကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက်... အချိန်တစ်ခုအကြာတွင် ဘဝအပြောင်းအလဲတစ်ခုနှင့်အတူ ရွာသို့ ပြန်လည်ရောက်ရှိလာပြီး သမီးဖြစ်သူ၏ ပညာသင်ကြားခွင့် ရရှိရေး၊ ခေတ်နောက်ပြန်ဆွဲသော အယူသီးမှုများနှင့် ဖိနှိပ်ချုပ်ကိုင်ထားသည့် စနစ်ဆိုးကြီးကို ဆရာနှင့်တပည့်၊ မိဘနှင့် သမီးအချစ်ကို အရင်းတည်ကာ အသက်စွန့်ပြီး ဘယ်လိုမျိုး ရဲရဲဝံဝံ ပြန်လည်တော်လှန် တိုက်ခိုက်သွားမလဲဆိုသည်ကို စိတ်လှုပ်ရှား ရင်နင့်ဖွယ် ရိုက်ကူးထားသည့် လူမှုအသိပညာပေး ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။