- Crime •
- Thriller
Revelations (2025)
ဒီဇာတ်ကားဟာ Train to Busan နဲ့ Hellbound တို့ရဲ့ နာမည်ကျော် ဒါရိုက်တာ ယွန်းဆန်းဟို (Yeon Sang-ho) ရိုက်ကူးပြီး ကမ္ဘာကျော်ဒါရိုက်တာ Alfonso Cuarón က အမှုဆောင်ထုတ်လုပ်သူ (Executive Producer) အဖြစ် ပူးပေါင်းပါဝင်ထားသည့် တောင်ကိုရီးယား မစ္စထရီ သဲထိတ်ရင်ဖို (Mystery Thriller) ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မြို့လေးတစ်မြို့တွင် ဘုရားကျောင်းအသစ်တစ်ခုကို တည်ထောင်ထားသည့် သင်းအုပ်ဆရာ မင်ချန်း (Ryu Jun-yeol) သည် သူ့ထံသို့ လာရောက်သည့် အမျိုးသားတစ်ဦးဟာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သော မိမိ၏သားဖြစ်သူကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သည်ဟု "ဘုရားသခင်၏ ဗျာဒိတ်တော် (Divine Revelation)" ကို ရရှိခဲ့သည်ဟု အခိုင်အမာ ယုံကြည်သွားခဲ့သည်။ စိတ်ဒဏ်ရာများနှင့် ကလဲ့စားချေလိုစိတ် ပြင်းထန်နေသည့် ဆရာမင်ချန်းသည် ထိုအမျိုးသားကို ကိုယ်တိုင်အပြစ်ပေးရန် ကြိုးစားပါတော့သည်။ တစ်ဖက်တွင်လည်း အတိတ်က စိတ်ဝေဒနာရှင်တစ်ဦးကြောင့် စိတ်ဒဏ်ရာရဖူးသည့် စုံထောက်မလေး ဂျီဟီး (Shin Hyun-been) သည် ဆရာမင်ချန်း၏ နောက်ကွယ်က ထူးဆန်းသည့် အပြုအမူများကို စောင့်ကြည့်စုံစမ်းရင်း... ဘာသာရေးယုံကြည်ချက်၊ အမှန်တရား၊ လူသားတို့၏ ကိုယ်ကျင့်တရားနှင့် ကလဲ့စားချေမှုကြားက ရှုပ်ထွေးဆန်းပြားလှသည့် လျှို့ဝှက်ချက်များကို ရင်သပ်ရှုမောဖွယ် ဖော်ထုတ်ပုံဖော်ထားသည့် ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။