Holy Punch

 Kdrama ပရိသတ်ကြီးတို ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးGangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။    ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တိုပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီးသေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတိုဟာလည်း အသီးသီး လွတ်မြောက်ရာကိုထွက်ပြေးခဲ့ရပါတော့တယ်။    အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေသင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဆမ်ဂေါရီ ဂိုဏ်းရဲ့ လူကုန်ကူးမှုကို လိုက်လံ စုံစမ်းနေတဲ့ စုံထောက်ချာ (Ji Seung Hyun) ဟာအကြောင်းမလှစွာနဲ့ လေးသရဲ ပူးကပ်ခံနေပြန်ပါတယ်။ဆမ်ဂေါရီ ဂိုဏ်းရဲ့ ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးဖို့ရာအတွက် စုံထောက်ချာဟာဘတ်ဂယောင်းချောနဲ့ အီထယ်ယုံး တို့ကိုပါ စစ်ကူခေါ်ရပါတော့တယ်။လူကုန်ကူးတဲ့ ဂိုဏ်းကို လိုက်လံဖမ်းဆီးမဲ့ ခရီးစဉ်မှာ လူမိုက်လက်ထွက် သင်းအုပ်ဆရာနဲ့ ဆရာတော်၊ကလေးသရဲ ဝင်ပူးခံနေရတဲ့ စုံထောက် သုံးယောက်ပေါင်းပြီး အလွဲပေါင်းများစွာကြုံ့တွေ့ရပုံကိုဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ 

  • 2024
  • Korea
  • 1 hrs 36 min
  • 5.2 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
English
movie-card
  • Comedy
  • Drama
လိပ်ပြာခွဲတမ်း
1 hrs 57 min
English
movie-card
  • Funny
ပလပ်ကျွတ် ပလွတ်ကျပ်
1 hrs 17 min
English
movie-card
  • Funny
အီကြာကွေးနဲ့တူသောယောက္ခမ
1 hrs 27 min
English
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Comedy
  • Drama
တစ္ဆေမျက်လုံး
1 hrs 26 min
1