- Drama
The Cure (1995)
အဲရစ် (Brad Renfro) ဟာ အထီးကျန်ပြီး သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ဘေးနားကို ပြောင်းရွှေ့လာပြီး သွေးသွင်းရာကနေတစ်ဆင့် HIV/AIDS ရောဂါ ကူးစက်ခံထားရတဲ့ အသက်ငယ်ငယ် ကောင်လေး ဒက္စတာ (Joseph Mazzello) နဲ့ မထင်မှတ်ဘဲ ခင်မင်ရင်းနှီးသွားခဲ့ပါတယ်။ ပတ်ဝန်းကျင်က ဒက္စတာအပေါ် ကူးစက်တတ်တဲ့ရောဂါဆိုပြီး ဝိုင်းဝန်းခွဲခြား ဆက်ဆံကြပေမဲ့ အဲရစ်ကတော့ ဂရုမစိုက်ဘဲ ဒက္စတာရဲ့ ရောဂါသက်သာစေဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကူညီပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ နယူးအော်လင်း (New Orleans) မြို့က ဒေါက်တာတစ်ဦးဟာ အေ့ဒ်စ်ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးနည်းကို ရှာဖွေတွေ့ရှိထားတယ်ဆိုတဲ့ သတင်းစာထဲက သတင်းတစ်ခုကို ဖတ်မိပြီးနောက်မှာတော့... ကောင်လေးနှစ်ယောက်ဟာ အိမ်ကနေ တိတ်တဆိတ် ထွက်ပြေးပြီး မစ္စစ္စပီမြစ် (Mississippi River) အတိုင်း ဆေးမြစ်ကို ရှာဖွေဖို့အတွက် စွန့်စားခန်းခရီးတစ်ခုကို ထွက်ခွာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက် ကောင်လေးနှစ်ယောက်ကြားက ဖြုစင်လှတဲ့ သံယောဇဉ်၊ သူငယ်ချင်းအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို မျက်ရည်ဝဲစရာ ကောင်းလောက်အောင် ပုံဖော်ရိုက်ကူးထားတဲ့ နာမည်ကျော် ဂန္ထဝင် အမေရိကန် ဒရမ်မာ (Coming-of-age Drama) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
သရုပ်ဆောင်များ
ဒါရိုက်တာများ
1 Reviews for The Cure (1995)
-
auauau
5th August 2026