- Comedy •
- Drama •
- Horror
Nightbitch (2024)
အနုပညာရှင်ဘဝကို ခေတ္တရပ်နားပြီး အိမ်တွင်းအောင်းကာ အချိန်ပြည့် မိခင်တစ်ဦးအဖြစ် ၎င်း၏ ၂ နှစ်အရွယ် သားငယ်လေးကို ပြုစုစောင့်ရှောက်နေရသည့် အမျိုးသမီးတစ်ဦးအကြောင်း ဖြစ်သည်။ ခင်ပွန်းဖြစ်သူက အလုပ်ကိစ္စဖြင့် အမြဲခရီးထွက်နေသဖြင့် တစ်ယောက်တည်း အထီးကျန်ခြင်း၊ ပတ်ဝန်းကျင်၏ မိခင်တစ်ဦးအပေါ် မျှော်လင့်ချက်များကြောင့် စိတ်ဖိစီးပြီး ၎င်း၏ စိတ်ရိုင်းများ ထွက်ပေါ်လာကာ မိမိကိုယ်ကိုယ် ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟု ထူးဆန်းသော စိတ္တဇဆန်ဆန် ခံစားချက်များနှင့် ခန္ဓာကိုယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပုံကို သရော်စာဆန်ဆန် ရိုက်ကူးထားသည့် စိတ္တဇဟာသ သည်းထိတ်ရင်ဖို (Black Comedy Body Horror) ရုပ်ရှင်ဖြစ်သည်။ (အထူးသတိပေးချက်။ ။ ဤဇာတ်ကားသည် မိခင်ဘဝ၏ စိတ်ဖိစီးမှုကို ထူးဆန်းစွာ သရော်ထားသည့် လူကြီးအသားပေး ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းတစ်လျှောက်တွင် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြကွက်အချို့၊ အဝတ်ဗလာကျင်းမှု (Nudity/Sexual Content)၊ ကြမ်းတမ်းသော ခန္ဓာကိုယ်ပြောင်းလဲမှု သွေးထွက်သံယိုပြကွက်များနှင့် ရိုင်းစိုင်းသော စကားလုံးအသုံးအနှုန်းများ ပါဝင်သဖြင့် အမေရိကန်ရုပ်ရှင်အဆင့်သတ်မှတ်ချက်အရ R-Rated (၁၈+) ဖြစ်သည်။ ထို့ကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များနှင့် မိသားစုဝင်များ အတူတကွ ကြည့်ရှုရန် လုံးဝမသင့်တော်ပါဘဲ လူကြီးများသာ သီးသန့်ကြည့်ရှုရန် အလေးအနက် သတိပေးအပ်ပါသည်)