- Drama •
- Crime
Stolen Baby The Murder of Heidi Broussard
ဒီဇာတ်ကားဟာ အမေရိကန်နိုင်ငံတွင် အမှန်တကယ် ဖြစ်ပွားခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ် ရာဇဝတ်မှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည့် True Crime ရုပ်ရှင်ဖြစ်ပါတယ်။ ဟိုင်ဒီ ဘရူဆတ်ဒ် (Emily Osment) နှင့် သူမ၏ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သူ မေဂန် ဖီယာရာမွတ်စကာ (Anna Hopkins) တို့၏ အကြောင်း ဖြစ်သည်။ ဟိုင်ဒီသည် သမီးငယ်လေးတစ်ဦးကို မွေးဖွားပြီးနောက် မကြာမီမှာပင် သမီးငယ်လေးနှင့်အတူ အစအနဖျောက်ကာ ပျောက်ဆုံးသွားခဲ့သည်။ ရဲတပ်ဖွဲ့နှင့် မီဒီယာများက ဝိုင်းဝန်းစုံစမ်းစစ်ဆေးသည့်အခါတွင်တော့ တရားခံမှာ အခြားသူမဟုတ်ဘဲ သူမ၏ အချစ်ဆုံးသူငယ်ချင်း မေဂန် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ မေဂန်သည် ကလေးရလိုစိတ် ပြင်းပြလွန်းသဖြင့် မိမိကိုယ်တိုင် ကိုယ်ဝန်ရှိယောင်ဆောင်ကာ ပတ်ဝန်းကျင်ကို လှည့်စားခဲ့ပြီး ဟိုင်ဒီ့ထံမှ မွေးကင်းစကလေးငယ်ကို ခိုးယူရန်အတွက် ဟိုင်ဒီ့အား ရက်စက်စွာ လူသတ်ခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်းအရင်းအခြာ၏ ယုံကြည်မှုကို ခုတုံးလုပ်ကာ သစ္စာဖောက်မှု၊ လူသတ်မှုနှင့် ဖြစ်ရပ်မှန် မှုခင်းနောက်ခံကို တုန်လှုပ်ခြောက်ခြားဖွယ် ပုံဖော်ထားသည့် ရုပ်ရှင်ကား ဖြစ်သည်။