- Comedy •
- Drama •
- Romantic
The Apartment
အာမခံကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အထီးကျန်စာရေးဝန်ထမ်း စီစီဘက်စတာ (Jack Lemmon) သည် ရာထူးတိုးရန်အတွက် သူတစ်ဦးတည်းနေထိုင်သည့် တိုက်ခန်း (Apartment) ကို ကုမ္ပဏီက အထက်လူကြီးများ အိမ်ထောင်ပြင်ပ လျှို့ဝှက်ဖောက်ပြန်ပွေရှုပ်ရာတွင် အဆင်ပြေပြေ အသုံးပြုနိုင်ရန် သော့ငှားရမ်းပေးလေ့ရှိသည်။ ထိုလုပ်ရပ်ကြောင့်ပင် သူသည် ကုမ္ပဏီတွင် ရာထူးတက်လာခဲ့သော်လည်း သူလျှို့ဝှက်သဘောကျနေသည့် ဓာတ်လှေကားမောင်းသူ မိန်းကလေး ဖရန်ကူဘဲလစ် (Shirley MacLaine) သည် ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဂျေဒီရှဲလ်ဒရိတ် (Fred MacMurray) ၏ မယားငယ်ဖြစ်နေပြီး ၎င်းတို့နှစ်ဦး ချိန်းတွေ့ရန် သူ၏တိုက်ခန်းသော့ကိုပင် တောင်းယူအသုံးပြုနေကြောင်း သိရှိသွားသောအခါ... ဘက်စတာတစ်ယောက် မိမိ၏ အသက်မွေးဝမ်းကျောင်း ရာထူးတိုးရေးနှင့် ရိုးသားဖြူစင်သော အချစ်စစ်ကြား ကြီးမားသော စိတ်ဒဏ်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပုံကို သရော်စာဆန်ဆန် ရိုက်ကူးထားသည့် ဂန္ထဝင်ရုပ်ရှင်ဖြစ်သည်။