- Comedy •
- Romantic
Maybe Baby
ဇာတ်လမ်းသည် ကလေးရရန် နှစ်ပေါင်းများစွာ ကြိုးစားနေကြသည့် ဇနီးမောင်နှံနှစ်တွဲ ဖြစ်သော စာရင်းကိုင်မလေး စီစီလီ (Cecilie) နှင့် အန်ဒရီးယပ်စ် (Andreas)၊ အရောင်းကိုယ်စားလှယ် လစ်ဗ် (Liv) နှင့် သော်ဘယွန် (Thorbjørn) တို့ကို အခြေခံကာ ရိုက်ကူးထားသည်။ ၎င်းတို့နှစ်တွဲစလုံးသည် သားဖွားမီးယပ်ဆေးခန်းတစ်ခုတွင် ဖန်ပြွန်သန္ဓေသား (IVF) နည်းပညာဖြင့် ကလေးရယူရန် ကုသမှုခံယူခဲ့ကြသည်။ သို့သော် ဆေးခန်း၏ ကြီးမားသော မှားယွင်းမှုတစ်ခုကြောင့် ၎င်းတို့၏ မျိုးဥများ ပြောင်းပြန်လဲလှယ် သန္ဓေတည်သွားခဲ့မှန်း သိလိုက်ရသောအခါ ၎င်းတို့၏ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့ရသည်။ စီစီလီသည် လစ်ဗ်၏ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီး လစ်ဗ်ကလည်း စီစီလီ၏ကလေးကို ကိုယ်ဝန်ဆောင်ထားရသည့် အခြေအနေဆိုးကြီးကို ရင်ဆိုင်ရပါတော့သည်။ ၎င်းတို့ ဇနီးမောင်နှံနှစ်တွဲသည် မွေးဖွားလာမည့် ကလေးငယ်များအတွက် မတတ်သာဘဲ ပူးပေါင်းကာ ကိုယ်ဝန်ဆောင်ကာလကို အတူတကွ ဖြတ်သန်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ ဖြစ်လာသောအခါ... မိသားစု၊ အချစ်နှင့် ကလေးအပေါ် ထားရှိသည့် သံယောဇဉ်တို့ကို လှပဆန်းကြယ်စွာ ရွှတ်နောက်နောက် ဟာသပြကွက်များဖြင့် ပုံဖော်ထားသည့် ဒိန်းမတ် ရိုမန့်တစ်ဟာသ (Romantic Comedy) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သည်။(သတိပေးချက်။ ။ ဤဇာတ်ကားတွင် ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ ၁၈+ ကာမရာဂပြကွက်များ လုံးဝမပါဝင်သော်လည်း၊ ဖန်ပြွန်သန္ေဓသား ရယူခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ဇနီးမောင်နှံများကြား လိင်မှုရေးရာနှင့် ပတ်သက်သည့် လူကြီးဆန်ဆန် ဟာသပြောဆိုချက်များနှင့် အသုံးအနှုန်းအချို့ ပါဝင်သောကြောင့် ၁၈ (၁၈နှစ်အောက်) ကလေးသူငယ်များနှင့် မိသားစုအတူတကွ ကြည့်ရှုပါက မိဘများ သေချာလမ်းညွှန်ပြသရန် လိုအပ်ပါသည်)