- Comedy •
- Crime •
- 3D Animation •
- Action
Checkered Ninja 2
ပထမဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် လူဆိုးကစားစရာစက်ရုံပိုင်ရှင် ဖိလစ် (Phillip Eberfrø) သည် ထိုင်းနိုင်ငံရှိ အကျဉ်းထောင်မှ လျှို့ဝှက်လွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး အက်စ်ကီ (Aske) နှင့် ကွက်စင်းနင်ဂျာအရုပ် (Checkered Ninja) တို့သည် ဖိလစ်ကို အပြီးသတ်နှိမ်နင်းရန်နှင့် တရားမျှတမှုအတွက် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထပ်မံပူးပေါင်းခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အက်စ်ကီ၏ မိခင်၊ ပထွေးဖြစ်သူ ဂျွန် (Jørn) နှင့် ညီဖြစ်သူ ဆူးနီ (Sune) တို့ပါ ထိုင်းနိုင်ငံသို့ အားလပ်ရက်ခရီးထွက်ရန် လိုက်ပါလာခဲ့ကြသဖြင့် အက်စ်ကီအတွက် သူ၏လျှို့ဝှက်မစ်ရှင်ကို ဖုံးကွယ်လုပ်ဆောင်ရန် ပိုမိုခက်ခဲပြီး အလွဲလွဲအချော်ချော် ဖြစ်စေခဲ့သည်။ သူတို့နှစ်ဦး ပူးပေါင်းပြီး ဖိလစ်၏ ကောက်ကျစ်သော အကြံအစည်များကို ဟန့်တားရန်နှင့် အပြစ်မဲ့ကလေးငယ်များကို ကယ်တင်ရန် သက်စွန့်ဆံဖျား ကြိုးပမ်းကြပုံကို ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာများနှင့်အတူ ရိုက်ကူးထားသည့် ဒိန်းမတ် Dark Comedy အန်နီမေးရှင်း ကာတွန်းရုပ်ရှင် ဖြစ်သည်။