• Comedy
  • Crime
  • 3D Animation
  • Action

Checkered Ninja

အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး အက်စ်ကီ (Aske) ဟာ သူ့ရဲ့ဦးလေးဖြစ်သူ စတီးဝပ် (Stewart) ထံကနေ ထိုင်းနိုင်ငံက ပြန်ဝယ်လာတဲ့ အကွက်အစင်းဒီဇိုင်းနဲ့ ထူးဆန်းတဲ့ နင်ဂျာအရုပ်လေးတစ်ရုပ်ကို လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအရုပ်က သာမန်အရုပ်မဟုတ်ဘဲ ရှေးခေတ်ဂျပန်နင်ဂျာတစ်ဦးရဲ့ ဝိညာဉ်ပူးကပ်နေပြီး အသက်ဝင်လှုပ်ရှားနေတာကို အက်စ်ကီ တစ်ယောက် သိလိုက်ရပါတယ်။ ဒီနင်ဂျာဝိညာဉ်ဟာ ထိုင်းနိုင်ငံက ကလေးအလုပ်သမားတစ်ဦးကို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ဒိန်းမတ်လူမျိုး စက်ရုံပိုင်ရှင် ဖိလစ် (Phillip Eberfrø) ကို ကလဲ့စားချေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ နင်ဂျာအရုပ်က အက်စ်ကီကို ကျောင်းက အနိုင်ကျင့်တတ်တဲ့ လူမိုက်တွေရန်ကနေ ကာကွယ်ပေးပြီး သူကြိုက်နေတဲ့ မိန်းကလေးနဲ့ အဆင်ပြေအောင် ကူညီပေးပါတယ်။ အက်စ်ကီနဲ့ စိတ်တိုတတ်တဲ့ နင်ဂျာအရုပ်တို့နှစ်ဦး ပူးပေါင်းပြီး တရားမျှတမှုနဲ့ ကလဲ့စားချေမှုတွေအတွက် အလွဲလွဲအချော်ချော် စွန့်စားကြပုံကို ရိုက်ကူးထားတဲ့ ဒိန်းမတ် Dark Comedy အန်နီမေးရှင်း ကာတွန်းရုပ်ရှင် ဖြစ်ပါတယ်။(သတိပေးချက်။ ။ ဤဇာတ်ကားသည် အန်နီမေးရှင်း (ကာတွန်း) ကားဖြစ်သော်လည်း လူကြီးအောက်လမ်းဟာသများ (Dark Comedy)၊ ဆဲဆိုရိုင်းစိုင်းသည့် အသုံးအနှုန်းများ၊ မူးယစ်ဆေးဝါးနှင့် အရက်ရည်ညွှန်းချက်များ ပါဝင်သောကြောင့် ၁၈ နှစ်အောက် ကလေးသူငယ်များနှင့် မိသားစုအတူတကွ ကြည့်ရှုရန် မသင့်တော်ပါ။ ကလေးများ ကြည့်ရှုပါက မိဘများ သေချာလမ်းညွှန်ပြသရန် လိုအပ်ပါသည်)

  • 2018
  • English
  • 1 hrs 21 min
  • 7.1 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Crime
Gone in Sixty Seconds
1 hrs 51 min
english
movie-card
  • Comedy
  • Drama
လိပ်ပြာခွဲတမ်း
1 hrs 57 min
English
movie-card
  • Crime
Betrothed
1 hrs 26 min
english
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Comedy
  • Drama
တစ္ဆေမျက်လုံး
1 hrs 26 min
1