- Drama
Gabriel's inferno Part III
Gabriel’s Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်… ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်…. တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်… အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး အရှေ့မှာ Gabriel’s Inferno 1 နဲ့ 2 ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel’s Inferno မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက် ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်… ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့…… ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ဂျူလီယန် ကို ကာကွယ်ပေးပုံတွေ ပြုစုယုယပုံတွေကို တ၀ကြီးခံစားကြရမှာပါ… ဒါ့အပြင် အရင်ထွက်ထားတဲ့ အပိုင်းတွေလိုမျိုး ပါးကလေး/လက်ကလေးကိုင်ရုံအဆင့် မဟုတ်တော့တဲ့အတွက် ရာသီဥတုအေးအေးမှာ တစ်ယောက်တည်း စောင်ခြုံပြီးကြည့်တာအကောင်းဆုံးလို့ပဲ အကြံပေးလိုက်ပါရစေဗျာ …