- Drama
Gabriel's Inferno Part II
ဒီကားလေးကတော့ Gabriel’s Inferno ဆိုတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်… ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်] New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ်တောင် မထင်ပါဘူး… Scholarship ရထားတဲ့ကျောင်းသူလေး ဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့ အချစ်ဇာတ်လမ်းအဆက်ပါ… အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့ လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့ အညွှန်းကိုအများကြီးမရေးပါတော့ဘူး…. ဒီကားကိုမကြည့်ခင်Gabriel’s Inferno (2020)ကိုကြည့်ပါ… ပြီးမှ ယခုကားကိုဆက်ကြည့်ကြပါ…. သရုပ်ဆောင်တွေကတော့ ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကို ခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ…