- Drama
Gabriel's Rapture Part I
အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ…. ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel’s Inferno (Part – 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့ နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကို စကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသား သုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ “ဒီကောင်ကွာ ဒီကောင်မကွာ” ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဒီအပိုင်းမှာတော့ ဂောဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက် ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ်
သရုပ်ဆောင်များ
အားလုံးကြည့်မည်ဒါရိုက်တာများ
1 Reviews for Gabriel's Rapture Part I
-
Streamit User
27th July 2026