Lucy Shimmers and the Prince of Peace

ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။ မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကို နောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့ တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။ အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။ တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။ သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင် သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့ကြုံဖို့ ဖြစ်လာခဲ့ပါတယ်။ အတိတ်က လုပ်ရပ်ဆိုးတွေကြောင့် ထောင်ဒဏ်ကျခံနေရသူ အက်ဂါအနေနဲ့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေမှာ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ ဆေးဝါးကိရိယာပြည့်စုံတဲ့ လူစီကုသနေတဲ့ ဆေးရုံဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီး အက်ဂါဆီကို ဘုရားသခင်အလိုတော်အရ ကူညီလမ်းပြပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ လူစီနဲ့ မိသားစုကပါ စွန့်ခွာထားခဲ့ပြီး ခံစားနေရတဲ့ဝေဒနာကြောင့် အနှေးနဲ့အမြန်သေဖို့သာ စိတ်စောနေတဲ့ အက်ဂါတို့ရဲ့ တွေ့ဆုံမှုက ဘုရားသခင်ရဲ့ ဆန်းကြယ်လှတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင်… အမှားတွေ ကျူးလွန်မိခဲ့တဲ့ အက်ဂါအတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိလာနိုင်မလား လူစီကရော အရှင်ယေရှု ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား. ဆိုတာကို အဖြေရှာနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 

  • 2020
  • English
  • 1 hrs 26 min
  • 7.1 (IMDb)
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Drama
သရဲမလင်
1 hrs 36 min
English
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
English
movie-card
  • Drama
Blood Diamond
2 hrs 16 min
English
movie-card
  • Drama
Herb
1 hrs 45 min
english
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english