- Documentary
Against the Tide
မွမ်ဘိုင်းမြို့မှ ကောလီ (Koli) မျိုးနွယ်စုဝင် ဓလေ့ထုံးတမ်းတံငါသည် သူငယ်ချင်းနှစ်ဦးဖြစ်သည့် ရာကတ်ရှ် (Rakesh) နှင့် ဂနက်ရှ် (Ganesh) တို့၏ ဘဝရုန်းကန်မှုကို ရိုက်ကူးထားသည့် ဖြစ်ရပ်မှန် မှတ်တမ်းတင်ရုပ်ရှင် ဖြစ်သည်။ ရာကတ်ရှ်သည် ၎င်း၏ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာခဲ့သည့် သဘာဝတရားကို အခြေခံသော ရိုးရာငါးဖမ်းနည်းစနစ်များကိုသာ ဆက်လက်ထိန်းသိမ်းလိုသူဖြစ်ပြီး၊ ဂနက်ရှ်မှာမူ ခေတ်မီနည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားအသုံးပြုကာ ပင်လယ်ပြင်နက်အတွင်း ငါးဖမ်းလိုသူဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုများနှင့် ငါးရှားပါးလာမှုဒဏ်ကို အလူးအလဲခံနေရသည့် ပင်လယ်ပြင်ကြီးထဲတွင် သူငယ်ချင်းနှစ်ဦးသည် ၎င်းတို့၏ မိသားစုဝမ်းရေးနှင့် မိခင်ပတ်ဝန်းကျင်အကြား မတူညီသော လမ်းစဉ်ကိုယ်စီဖြင့် ဒီလှိုင်းများကို အန်တုရင်း ရုန်းကန်ကြပုံကို အနုပညာမြောက်စွာ ပုံဖော်ထားသည်။