- Drama
Monolith
ဆန္ဒရား (Katrina Bowden) ဟာ ကမ္ဘာ့အလုံခြုံဆုံးနဲ့ ခေတ်မှီနည်းပညာအမြင့်ဆုံးလို့ နာမည်ကြီးတဲ့ "မိုနိုလစ်" (Monolith) အမည်ရ သံချပ်ကာ SUV ကားအနက်ကြီးကို မောင်းနှင်ပြီး သူမရဲ့ ၂ နှစ်အရွယ် သားလေး ဒေးဗစ်နဲ့အတူ ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို သွားရောက်ရင်ဆိုင်ဖို့ ထွက်ခွာလာခဲ့ပါတယ်။ သို့သော်လည်း လူသူပြတ်လပ်တဲ့ ကန္တာရလမ်းခရီးတစ်ခုအရောက်မှာ မထထင်မှတ်ဘဲ တောရိုင်းသမင်တစ်ကောင်ကို တိုက်မိသွားတာကြောင့် ဆန္ဒရားက အခြေအနေကို ဆင်းစစ်ဆေးဖို့ ကားပေါ်က ခေတ္တဆင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ကားထဲမှာ ကျန်ရစ်တဲ့ သားငယ်လေးက ကားရဲ့ အလွန်တင်းကျပ်တဲ့ လုံခြုံရေးစနစ် (Vault Mode) ကို မတော်တဆ နှိပ်မိသွားပြီး ကားတံခါးတွေအကုန်လုံး လော့ခ်ကျကာ ပိတ်မိသွားပါတော့တယ်။ဖုန်းလိုင်းလည်းမမိ၊ ကျည်ဆန်ပင်မဖောက်နိုင်တဲ့ အဆိုပါစမတ်ကားကြီးကို အပြင်ကနေ ဘယ်လိုနည်းနဲ့မှ ဖွင့်မရတော့ဘဲ ကန္တာရရဲ့ ပြင်းထန်လှတဲ့ နေ့ပူရှိန်ကြောင့် ကားအတွင်းပိုင်းဟာ တဖြည်းဖြည်း အပူပေါင်းအိုးကြီးတစ်ခုလို ဖြစ်လာပြီး သားလေးဟာ ရေဓာတ်ခမ်းခြောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဆန္ဒရားအနေနဲ့ ကန္တာရရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတု၊ ရေငတ်မွတ်မှုနဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကြားကနေ ကားထဲမှာ ပိတ်မိနေတဲ့ သားလေးကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ မိခင်စိတ်နဲ့ အချိန်နဲ့တပြေးညီ အသည်းအသန် ရုန်းကန်ရပုံကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ကန္တာရရှင်သန်ရေး (Survival Thriller) ဇာတ်ကား ဖြစ်ပါတယ်။